Skip to main content

မင်းရဲကျော်စွာ ၏ ပထမဆုံး စစ်ပွဲ

ဖခင်ဘုရင်ထံမှ ခွင်ပြုချက်ရပြီးနောက် အသက် ၂၀ သာ ရှိသေးသောမင်းရဲကျော်စွာ သည် စစ်တပ်အင်အား ၁ သိန်းနီးပါးရှိသော အင်းဝတပ်အားလုံး၏ စစ်သေနာပတိချုပ် ဖြစ်လာခဲ့လေသည်။ မင်းရဲကျော်စွာမှာ တခြား မင်းသားများကဲ့သို့ နန်းတော်တွင် ဇိမ်ဖြင့် နေလိုသော စိတ်မရှိ၊ စစ်တိုက်ခိုက်ရေး တွင်သာ အားသန်သော မင်းသားဖြစ်လေသည်။ သို့ကြောင့် အင်းဝအင်ပါယာ လက်နက်နိုင်ငံအဖြစ် တည်ထောင်လိုသော ဘုရင်မင်းခေါင်အတွက် အလွန် အရေးပါသော အရေးအပေးခံရဆုံးသော မင်းသား တစ်ပါး ဖြစ်လာလေသည်။

စစ်သေနာပတိဖြစ်လျှင်ဖြစ်ချင်း မင်းရဲကျော်စွာသည် ဟံသာဝတီ ပိုင် မြောင်းမြကို စစ်ထိုးလေသည်။ သို့သော် မြောင်းမြမြို့ကို အခိုင်အခံပြုထားလေသဖြင့် မြို့ကို သိမ်းမရ ရှိနေလေသည်။ မြောင်းမြကို မနိုင် သဖြင့် မင်းရဲကျော်စွာသည် ပုသိမ်ဘက်သို့ လှည့်ကာ တိုက်ပြန်သည်။ ပုသိမ်လည်း အခိုင်အမာ ပြုထား သဖြင့် အင်းဝတပ်ကို မနိုင်ဘဲ ရှိနေပြန်လေသည်။ ထိုကြောင့် မင်းရဲကျော်စွာမှာ စစ်မနိုင်ဘဲ ပြန်လျှင် ဘုရင် အမျက်ရှပြီး ထောင်နန်းစံနိုင်လေသည်။ သို့ကြောင့် မင်းရဲကျော်စွာသည် ကျန်းမာသော စစ်သည်များကို စုရုံးပြီး ကြည်းတပ်ကို အင်အားဖြည့်ကာ၊ မနာကျန်းသူများကို လှေပေါ်တင်ပြီး အင်းဝသို့ ပြန်စေလေသည်။

ထိုနောက် ယခင်က အင်းဝပိုင်နက်ဖြစ်ခဲ့သော ရခိုင်ကို ပြန်သိမ်းရန် ဓည၀တီသို့ စစ်အင်အား ၇ သောင်း ကျော်ဖြင့် ချီတက်လေသည်။ ရခိုင်ရောက်လျှင် အလုံးအရင်းဖြင့် စစ်ထိုးလေသည်။ အေဒီ ၁၄၀၆ တွင် ရခိုင် လောင်းကြက်မြို့ကို သိမ်းပိုက်မိလေ၏။ ရခိုင်ဘုရင်ခံ နရမိတ်လှ လည်း မခံနိုင်သဖြင့် တဘက်ကမ်းဖြစ်သော ကုလားပြည်သို့ လှေဖြင့် ပြေးလေသည်။ မင်းရဲကျော်စွာလည်း ရခိုင်တနယ်လုံးကို သိမ်းပိုက်ပြီး အမတ်များဖြင့် ထားခဲ့ကာ အင်းဝသို့ ပြန်လေသည်။

အင်းဝနေပြည်တော်ရောက်သော် ဘုရင်မင်းခေါင်သည် သားတော်ကိုအလွန်အားရကျေနပ်ပြီး ရွှေများ
ပေးသနားတော်မူလေသည်။ သို့ဖြင့် မင်းရဲကျော်စွာသည် မွန်ဟံသာဝတီကို မနိုင်သော်လည်း ရခိုင်ကို သိမ်းပိုက်နိုင်သဖြင့် ဖခင်၏ ယုံကြည်မူ ထပ်တိုးရရှိပြန်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။