Skip to main content

ဟံသာဝတီသူရဲကောင်း လကွန်းအိန်

ဟံသာဝတီဘက်က အကြံကို အင်းဝဘက်က ရိပ်မိသွားပြီး ဘုရင်မင်းခေါင်လည်း တပ်ချရာစခန်းသို့ ပြန်သွားလေသည်။ ထိုအခါ ဟံသာဝတီရှေ့တော်ပြေးလည်း ရာဇာဓိရာဇ်ထံ ထိုအကြောင်း ကို လျှောက်တင်လေသည်။ လကွန်းအိန်မှ မိုးညှင်းသတိုးကို စကားဆိုသောကြောင့် အင်းဝ ဘက်က ရိပ်မိသွားကြောင်းပါ လျှောက်တင်လေသည်။

ရာဇာဓိရာဇ်လည်း လကွန်းအိန်ကို ခေါ်ပြီး အဘယ်ကြောင့် ဆိုသနည်းဟု မေးမြန်းလေသည်။ လကွန်းအိန် လည်း " ကျွန်တော်တို့ ရာမညတိုင်းသည် သာသနာတော်တည်ရာ မဟာရာဇဌာနီ ပြည်ကြီးဖြစ်သည်၊ ယခု ကြံသော အကြံမှာ သူတော်ကောင်းအကြံမဟုတ်၊ နောက်နောင် သားတော်အစဉ်၊မြေးတော်အဆက်၊ 
မြစ်တော်အညွန့် တိုင်အောင် မွန်တို့ အမျိုးသည် မတော်၊မမှန်၊ လူယုတ်မာ အမျိုးဟု မော်ကွန်းတည်မည် ကို မလိုလားသောကြောင့် ကျွန်တော် ဆိုပေသည် " ဟု နားတော်လျှောက်လေသည်။

ရာဇာဓိရာဇ်လည်း သို့သော် သည်အရေးကို နင်ဖျက်သည်ဟုဆိုကာ သေဒဏ်ပေးလေသည်။ ထိုအခါ ဗိုလ်မင်းဖြတ်စမှ " လကွန်းအိန်ကို သတ်လျှင် ဘုရင်မင်းခေါင် တို့ ပျော်နေလိမ့် မည်။ ဟံသာဝတီဘက်ကလည်း သူရဲကောင်း တစ်ဦး ဆုံးရူံးလိမ့်ဟု"  လျှောက်တင်လေသည်။ ထိုမှ ဗိုလ်မင်းဖြတ်စမှ လကွန်းအိန်ကို ဘုရင်မင်းခေါင်ကို အနိုင်တိုက်ပါ၊ ထိုမှသာလျှင် သေဒဏ်က လွှတ်မည် ဟု အကြံပေးလေသည်။ လကွန်းအိန်လည်း တိုက်မည် သို့သော် မည်သူမည်ဝါက ဘုရင်မင်းခေါင်ဆိုတာ သူမသိဟု လျှောက်လေသည်။

ရာဇာဓိရာဇ်လည်း မပူလေနှင့် ဆိုပြီး ဟံသာဝတီတွင် ခိုလူံနေသော စစ်ကိုင်းစား ကို လကွန်းအိန် ဆင်နောက်တွင် ထည့်ပေးမည်ဟုဆိုလေသည်။ နောက်တနေ့ စစ်မြေပြင်တွင် ရာဇာဓိရာဇ်မှ ဆင်ရှစ်ရာဖြင့် အနောက်က နေလေ၏။ လကွန်းအိန်ကမူ စစ်သည်ငါးရာဖြင့် အင်းဝတပ်ကို ဖောက်ဝင်လေသည်။ အင်းဝ တပ် နှင့် တိုက်နေရင်း ဘုရင်မင်းခေါင်မှ မနေသာသောကြောင့် ချွန်းဖွင့်ပြီး ၀င်တိုက်လေသည်။ လကွန်းအိန်လည်း ဘုရင်မင်းခေါင်ထံ ချွန်းဖွင့်ပြီး ၀င်တိုက်လေသည်။ သို့သော် စစ်သည်အင်အားများ လွန်းသဖြင့် ဆင်ချင်း မတိုက်မိဘဲ ရှိနေလေသည်။ ထိုစဉ် စစ်ကိုင်းစားမှ နောင်တော် ဘုရင်မင်းခေါင်ကို နောက်ဆုတ်ရန် သတိပေးလိုက်ရာ ဘုရင်မင်းခေါင်မှ နောက်ဆုတ်လေသည်။

ထိုမှ ရမည်းသင်းစား၊ပုခန်းစား၊တို့မှ ဆင်အစီးငါးဆယ်ဖြင့် ကာပြီး လကွန်းအိန်ကို တိုက်သဖြင့် လကွန်းအိန် လည်း ဆင်ကို ဆုတ်ပြီး ရာဇာဓိရာဇ်ရှိရာသို့ သွားလေသည်။ ရာဇာဓိရာဇ်မှ လကွန်းအိန်ကို ဘာကြောင့် ပြန်လာသနည်းဟု မေးလေသည်။ လကွန်းအိန်လည်း ယောက်ဖတော် စစ်ကိုင်းစား မှ ဆိုသောကြောင့် မတိုက်ရဘဲ၊ ဘုရင်မင်းခေါင်ပြန်လေသည် ဟု လျှောက်လေသည်။

ရာဇာဓိရာဇ်လည်း ငါသည် ယောက်ဖတော်ကိုသူကောင်းပြုရန် ကြံသည်ကို ငါ့ထက် နောင်တော်ကို ပို ချစ်ခင်လေသည်၊ နောင်သော် အတွင်းရန်ဖြစ်လာလိမ့်မည် ဟုကြံပြီး ထိုနေရာတွင် စစ်ကိုင်းစားကို ကွပ်မျက်လေသည်။ လကွန်းအိန်ကိုလည်း နင်ဘုရင်မင်းခေါင်ကို တိုက်မည်ဟု ငါ့ကို ဂတိပေးသည် ယခု မည်သို့လုပ်မည်နည်း ဟု မေးလေသည်။

လကွန်းအိန်လည်း ညအခါ ဘုရင်မင်းခေါင်တပ်စခန်းသို့ ၀င်ပြီး ဘုရင်မင်းခေါင်ခေါင်းကို ဖြတ်ပြီး ဆက်သ မည်ဟု လျှောက်တင်လေသည်။ လကွန်းအိန်လည်း ညဥ့်ရောက်လျှင် သူရဲ ၁၂ ယောက်ဖြင့် အင်းဝတပ်ထဲ သို့ ခိုးဝင်လေသည်။ သူရဲ ၃ ယောက်ကို လူသူနိုးလျှင် မြင်းကြိုးများကို ဖျတ် ဆိုပြီး ထားခဲ့လေ၏။ ထိုနောက် ဘုရင်မင်းခေါင်၏ တဲအောက်သို့ ၀င်လေသည်။ ကြမ်းခင်းမှ တဆင့် အထက်သို့ တက်ပြီး ကွမ်းခွက်တော် ကို အရင်ယူကာ အောက်က လူကို ကမ်းလေ၏။ ပြီးမှ ဘုရင်မင်းခေါင်၏ လက်သုံးတော်ဓားကို ယူကာ ခုတ်မည်ဟု ပြုနေစဉ် ကိုယ်လုပ်တော်မှ နိုးပြီး အရိပ်ကို တွေ့ရသဖြင့် မွန်သူခိုးဟု အော်သဖြင့် ဘုရင်မင်းခေါင်လည်း ရှောင်လေသည်။ ကိုယ်ရံတော်သို့ အတွင်းတော်သို့ အမြန်ဝင်လာသဖြင့် လကွန်းအိန်လည်း ကြမ်းအောက်က ဆင်းပြေးလေသည်။

လကွန်းအိန်တို့ ၁၂ ယောက်လည်း အင်းဝတပ်မှ ထွက်နိုင်ခဲ့ပြီး ရာဇာဓိရာဇ်ထံရောက်သော် အရေးတော် ပြီး၏လော ဟု မေးမြန်းလေသည်။ လကွန်းအိန်လည်း " ဘုရင်တို့ကို တိတ်တဆိတ်လုပ်ကြံ
သောသူသည် အသက်မရှည်ဟု ဘိုးဘေးတွေ ပြောခဲ့ဖူးသောကြောင့် မလုပ်ကြံခဲ့၊ အသက်ရှည်မှ အရှင့်၏ မူတော်ထိန်းရမည်၊ သို့ကြောင့် မလုပ်ကြံခဲ့ ဘုရင်မင်းခေါင် အပါးနား သို့ ရောက်ခဲ့ကြောင်း သက်သေ ရှိသည်ဟု ဆိုကာ လက်သုံးတော်ဓားနဲ့ကွမ်းခွက်တော်ကို ဆက်သလေရာ ရာဇာဓိရာဇ်မှ လကွန်းအိန် လျှောက်လည်း လျှောက်တတ်ပါပေသည် ဟု သဘောကျကာ သေဒဏ်ကို လွှတ်ပေးလိုက်လေသည်။ 

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။