Skip to main content

အင်းဝဘုရင်မှ ဟံသာဝတီသို့ စစ်တဖန် ချီခြင်း

သက္ကရာဇ် ၇၆၉ (အေဒီ ၁၄၀၇) တွင် ဟံသာဝတီကို အစိုးရတဲ့ ရာဇာဓိရာဇ်ဟာ ရခိုင်ကို ပြည်ကို စတင် တိုက်ခိုက်လေသည်။ အကြောင်းအရင်းမှာ ဘုရင်မင်းခေါင်က ရခိုင်ကို တိုက်ခိုက်ပြီး ရခိုင်ဘုရင် ထောရာကြီးကို နန်းချကာ သမက်တော် အနော်ရထာမင်းစော ကို နန်းတက်လေသည်။ ထိုအခါ ရခိုင် အိမ်ရှေ့စံမင်းက ဟံသာဝတီထံ ခိုလူံခွင့်တောင်းလေသည်။

 ဟံသာဝတီဘုရင်မှ ခိုလူံခွင့်ပြုထားလေသည်။ဟံသာဝတီဘုရင်မှ အင်းဝလက်အောက်ခံ ရခိုင်ကို တိုက်ခိုက်ရန် အမိန့်ထုတ်ပြီး ရခိုင်မင်းမျိုး ကို ပြန်နန်းတင်မည်ဟု ကြွေးကြော်ကာ စစ်ချီလေသည်။

ထိုစစ်သတင်းကို အတန်ကြာမှ အင်းဝ နေပြည်တော်ဆီ ရောက်လေသည်။ ထိုသတင်းကို ဘုရင်မင်းခေါင် သိချိန်တွင်မူ ဟံသာဝတီတပ်များ ရခိုင်နေပြည်တော်ကို တိုက်နေချိန်ဖြစ်နေပြီ၊ ထို ရခိုင်စစ်ပွဲကို ဦးဆောင် သူမှာ သမိန်ဖြတ်စ ဖြစ်လေသည်။ စစ်သည်အင်အား လေးသောင်းကျော်ဖြင့် တိုက်ခိုက်ခြင်းဖြစ်လေသည်။ ရခိုင်ဘုရင် အနော်ရထာမင်းစောနှင့် သူ့မိဖုရားကို ဟံသာဝတီသို့ ယူဆောင်လေသည်။

အနော်ရထာမင်းစောမှာ ဟံသာဝတီသို့ ရောက်သော် ကွပ်မျက်ခံရပြီး မိဖုရားမှာမူ ဟံသာဝတီဘုရင်၏ မိဖုရား အဖြစ် တင်မြှောက်ခြင်း ခံရလေသည်။ ဘုရင်မင်းခေါင်မှာ ရခိုင်ကျသော သတင်းကြားပြီး သမီးတော် မှာ ရန်သူတော်လက်တွင်းကျသည်ဟု ကြားသဖြင့် အလွန်အမျက်ထွက်နေလေ၏။ အင်းဝလွှတ်တော် တွင် အထူးအစည်အဝေး ခေါ်ယူပြီး ဟံသာဝတီကို တိုက်ရန် ဆွေးနွေးကြလေသည်။ အမတ်တို့က ဇင်းမယ်ဘုရင်နှင့် မဟာမိတ်လုပ်လျက် ဟံသာဝတီကို တိုက်လျှင် ပိုသင့်သည်ဟု လျှောက် တင်သဖြင့် မင်းခေါင်လည်း ရမည်းသင်းစား၊ မြို့သာစားတို့ကို မင်းသံ အဖြစ် ခန့်ပြီး လက်ဆောက်အများဖြင့် ဇင်းမယ်သို့ လွှတ်လေသည်။

သို့သော် ထိုဇင်းမယ်သို့ လွှတ်လိုက်သော သံအဖွဲ့မှာ လမ်းကြောင်းမှားပြီး ဟံသာဝတီပိုင်နက်သို့ ရောက်ရှိ သွားသဖြင့် ဟံသာဝတီတပ်သားတို့ ဖမ်းဆီးခြင်း ခံရလေသည်။ ရာဇာဓိရာဇ်လည်း မင်းခေါင်၏ ရာဇာသံကို ဖတ်ရူစေပြီး အကြောင်းစုံသိရသဖြင့် လက်ဆောင်အများကို သိမ်းပြီး သံမှူးနှစ်ယောက်၏ မျက်နှာကို ဆေးအနက်ရောင် ထိုးစေပြီး အင်းဝသို့ ပြန်လွှတ်လိုက်လေသည်။

ဘုရင်မင်းခေါင်၏ ခြေတော်ရင်းသို့ သံမှူးနှစ်ယောက် ပြန်ရောက်ပြီး အကြောင်းစုံ လျှောက်သော် ဘုရင်မင်းခေါင်သည် မင်းတို့၏ အမျက်တော်ရုသဖြင့် ယခုပင် စစ်ချီမည် ဟု အမိန့်တော်ပြန်လေသည်။ ထိုစဉ်က ဘုရင်စစ်ချီလျှင် လွှတ်တော်အမတ်တို့ဖြင့် ဆွေးနွေးရသေးသည်။ သို့သော် မင်းမိန့်က အဆုံးသတ် ဖြစ်လေသည်။

ထိုစစ်ချီမည့်အကြောင်း အမတ်ချုပ် မင်းရာဇာ ကြားလျှင် အလျင်အမြန် ဘုရင်မင်းခေါင်ကို စစ်မချီရန် လျှောက်တင်လေသည်။ မိုးမကုန်သေးသဖြင့် သည်းခံ ရန် လျှောက်သော်လည်း ဘုရင်မင်းခေါင်မှာ နားမ၀င်တော့ဘဲ ဒေါသအလျာက် စစ်ထွက်ရန်သာ အမိန့်ထုတ်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။