Skip to main content

ညီတော် စစ်ကိုင်းစား ပုန်ကုန်ခြင်း

သက္ကရာဇ် ( ၇၆၉ ) AD 1407 ခုနှစ်တွင် အင်းဝနန်းစံ ဘုရင်မင်းခေါင်မှ မိမိ၏သားတော် မင်းရဲကျော်စွာကို စစ်သည်အင်အား ၄ သောင်းနီးပါးကို အုပ်ချုပ်စေပြီး စစ်သူကြီးခန့်အပ်လေ၏။ ထိုအကြောင်းကို စစ်ကိုင်းတွင် စံစားနေသော ဘုရင်မင်းခေါင်ညီတော် စစ်ကိုင်းစား ကြားသော် "ငဆွေ (ဘုရင်မင်းခေါင်ငယ်နာမည်) ကို ငါ သူကောင်းပြု၍သာ သူကောင်းဖြစ်သည် " အစသဖြင့် မင်းရဲကျော်စွာ ကို စစ်သူကြီးခန့်သည်ကို မနာလိုသဘောဖြင့် ဘုရင်မင်းခေါင်ကို ပုတ်ခတ်ပြောဆိုလေသည်။ ထိုအကြောင်းကို ဘုရင်နားတော်ပေါက်ကြားလေပြီး အင်းဝနန်းတော် အမတ်မင်းများကလည်း " သား မရိုသေသော် ကျွန် မရိုသေ၊ ကျွန် မရိုသေသော် အိမ်နီးချင်း မရိုသေ " ဆိုသည်ကို ဥပမာ ပြုပြီး စစ်ကိုင်းစား ကို ဆုံးမရန် လျှောက်တင်ကြလေသည်။

ဘုရင်မင်းခေါင်လည်း အမတ်ကြီးမင်းရာဇကို စစ်ကိုင်းသို့ ဆုံးမရန် စေလွှတ်လိုက်လေသည်။ သို့သော် မည်သို့ ဖြစ်သည်မသိ အမတ်ကြီး မင်းရာဇ နေပြည်တော် ပြန်ရောက်သော် ညီတော် စစ်ကိုင်းစား သည် စစ်ကိုင်းတစ်ဝိုက်ရှိ နယ်ပယ်များကို သိမ်းပိုက်ပြီး စစ်အင်အားအလုံးအရင်းဖြင့် အင်းဝသို့ ချီတက်လာပြီး နှောင်တော်ကို ပုန်ကန်ခြားနားလေသည်။

ထိုစစ်သတင်း နေပြည်တော်ထိ သတင်းပေါက်လေသည်။ နန်းတော်တခုလုံးရှိ အမတ်များကလည်း တဖွဲ့က စစ်ကိုအပြင်းအထန်ပြန်တိုက်ရန် ၊ တဖွဲ့ကလည်း ငြိမ်းချမ်းရေး ပြုရန် အစရှိသဖြင့် ကိုယ့်အမြင်သူ့အမြင်များ ဖြင့် လွှတ်တော်တွင် ငြင်းဆိုနေကြလေသည်။ ဘုရင်မင်းခေါင်မှ ညီတော် စစ်ကိုင်းစား နေပြည်တော် ခြေရင်းထိ လာပါစေ ဆိုပြီး နေနေလေသည်။

စစ်ကိုင်းစားလည်း အင်းဝနေပြည်တော် ရှိ တံခါးကြီးများကို ၀ိုင်းရံပြီး စစ်ထိုးရန် ပြင်ဆင်လေ၏။ သို့သော် ဘုရင်မင်းခေါင်မှ " ယခု အရေးသည် ငါနှင့် ငါညီ အရေးဖြစ်သည်၊ စစ်သည်တွေ ပါဝင်ရန် မလို၊ သို့ကြောင့် ငါကိုယ်တော် ကိုယ်တိုင် ဆင်ဖြင့် စီးချင်းထိုးမည်၊ နိုင်သူ အင်းဝနန်းကို သိမ်း " ဟု စာစေလေသည်။ ညီတော် စစ်ကိုင်းစားလည်း ဆင်စီးချင်းထိုးမည်ကို လက်ခံလိုက်လေသည်။

နောက် မနက်တွင် စစ်မြေပြင်တွင် မင်းညီနှောင် နှစ်ပါး အခြံအရံများဖြင့် မျက်နှာမူထားကြလေသည်။ ထိုနောက် ဘုရင်မင်းခေါင်က ဆင်ကိုချွန်းဖွင့်ကာ ၀င်လာလေသည်၊ စစ်ကိုင်းစားလည်း ဆင်ဖြင့် အပြင်းအထန် ချီလာလေသည်။ မင်းညီနှောင် နှစ်ပါး ဆင်စီးချင်းထိုးရာ သူမသာ၊ကိုယ်မသာ ရှိလေ၏။ သို့သော် စစ်ကိုင်းစား စီးသော ဆင်မှာ ကြာသော် ခရီးပန်းလာသည်က တစ်ကြောင်း၊ အင်အားအနည်းငယ် ချည့်သဖြင့် ဘုရင်မင်းခေါင်၏ ဆင်ကို မနိုင်ဘဲ လှည့်ပြေးလေသည်။

ဘုရင်မင်းခေါင်လည်း စည်တော်တီးစေပြီး စစ်ကိုင်းစားကို အမိဖမ်းနိုင်လေသည်။ စစ်ကိုင်းစား တပ်လည်း လက်နက် ချလေသည်။ ဘုရင်မင်းခေါင်လည်း ညီတော်ကို အိမ်အကျယ်ချုပ်ထားလေသည်။ လွှတ်တော်တွင် ညီတော်စစ်ကိုင်းစားကို သေမိန့်ပေးရန် လျှောက်တင်သူနှင့် လွတ်မြောက်ပေးရန် လျှောက်တင်သူများဖြင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ငြင်းခုံကြလေသည်။

ထိုအခါ အမတ်ချုပ်ကြီး မင်းရာဇမှ " ၀က်က ပတ္တမြားဂူကို ရွှံဖြင့် ပွတ်သည့် ဥပမာပေးပြီး လွှတ်ပေးရန် လျှောက်တင်လေသည် " ဘုရင်မင်းခေါင်လည်း ညီတော်ဖြစ်သည်က တစ်ကြောင်း၊ အမတ်ချုပ် လျှောက်တင်သည်က တစ်ကြောင်း ဖြင့် ညီတော်ကို နေအိမ်အကျယ်ချုပ်က လွှတ်လေသည်။ စားမြဲ စစ်ကိုင်းကို ပြန်ပေးလေသည်။ သို့သော် စစ်ကိုင်းစားမှာမူ ဘုရင်မင်းခေါင်ကို မယုံကြည်တော့ သဖြင့် အောက် ဟံသာဝတီပြည် သို့ ပြေးပြီး ခိုလူံလေသည်။

ရာဇာဓိရာဇ်လည်း စစ်ကိုင်းစားကို ကြီးစွာသော အဆောင်အယောင်ပေးပြီး မြို့ကြီးကို စားစေလေသည်။ စစ်ကိုင်းစားနှင့် ရာဇာဓိရာဇ်မှာမူ ယောက်ဖတော်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။