Skip to main content

အင်းဝပြည် နှင့် ရခိုင်ပြည် စစ်ပွဲ

ဘုရင်မင်းခေါင် မင်းဖြစ်လျှင် အင်းဝနေပြည်တော် ပိုင်နက်ကို ရန်သူတွေ မတိုက်အောင် စီမံလေသည်။ သက္ကရာဇ် ၇၆၅ (အေဒီ ၁၄၀၃ ) တွင် ရခိုင်ပြည့်ရှင်မင်း၏ စစ်တပ်တွေက အင်းဝပိုင်နက်ဖြစ်သောယောမြို့၊
လောင်းရှည်မြို့ တို့ကို ထိပါးတိုက်ခိုက်လေ၏။

ထိုအခါ မင်းခေါင်လည်း ၁၃ နှစ်သာရှိသေးသော သားတော် မင်းရဲကျော်စွာကို စစ်ချုပ်ခန့်ပြီး ရခိုင်သို့ ဆင်တပ် လေးရာ၊ မြင်းတပ် ငါးထောင်၊ ခြေလျင်တပ် တစ်သိန်း ဖြင့် ရခိုင်သို့ စစ်ချီတက်စေလေ၏။ ဘုရင့် အမိန့်ကား ရခိုင်ကို အပြီးသိမ်းရန် ဖြစ်သည်။

ရခိုင်ဘုရင်လည်း အင်းဝတပ်ကို နနွင်းတောင် မှ စစ်သည်အင်အား တစ်သိန်း ငါးသောင်းကျော်ဖြင့်
 စောင့်ကာ ဆီးကြို တိုက်ခိုက်ရန် တပ်စခန်း ချထားလေ၏။ မင်းရဲကျော်စွာလည်း ရခိုင်ဘုရင်၏ တပ်စခန်းနှင့် မနီးမဝေးသော နေရာတွင် စခန်းချကာ မိမိမှာမူ သူငယ်များဖြင့် ဂျင်ကစားနေလေ၏။ စစ်တပ်အရာအရာကို ဗိုလ်မှူးများက စီမံခန့်ခွဲလေသည်။

ဗိုလ်မှူးတို့မှ မင်းရဲကျော်စွာအား အရှင့်သား ရန့်သူအင်အားမှာ များလှပေသည်။ အရှင့်သား စိတ်မစိုးရွံလေ နှင့် ကျွန်တော်မျိုးတို့က ရှေ့က ရွံရွံချွန်ချွန် တိုက်ခိုက်ပေးမည်။ ဟု လျှောက်ကြလေ၏။ မင်းရဲကျော်စွာ လည်း မည်သို့မျှမဆိုဘဲ ဂျင်ကိုသာ ကစားနေလေ၏။ ထိုအချိန်တွင် ရခိုင်တပ်တို့မှာ ရှေ့သို့ ချီတက်လာရာ အင်းဝတပ်တို့နှင့် နီးလာလေ၏။ ဗိုလ်မှူးတို့က စစ်တိုက်မိန့်ပြန်ရန် မင်းရဲကျော်စွာဆီ တောင်း ဆိုကြလေ၏။

ထိုမှ မင်းရဲကျော်စွာက သူ့ စစ်အင်အားသည် များလှ၏၊ ငါတို့ရဲမက်အင်အားကို သုံးစုခွဲ ပြီးလျှင် တိုက်မည် ဟု အမိန့်ချလိုက်လေ၏။ ဗိုလ်မှူးတို့လည်း အင်းဝတပ်ကို သုံးစုခွဲပြီး ရခိုင်တို့နှင့် တိုက်လေသည်။ မင်းရဲကျော်စွာမှမူ ရဲမြတ်စွာ ဟူသော ဆင်ကိုစီးပြီး မြင်းတပ်ကို ရံစေပြီး ရခိုင်တပ်မ အလယ်ကို ထိုးဖောက် တိုက်ခိုက်လေသည်။ ကျန် ဗိုလ်မှူးတို့က ဘေးကနေပြီး တပ်ကြောင်း နှစ်ခုဖြင့် ရခိုင်တပ်ကို ထိုးဖောက်တိုက် ခိုက်လေ၏။

မင်းရဲကျော်စွာလည်း ရခိုင်ဗိုလ်မှူးတို့နှင့် ဆင်စီးချင်း ထိုးကာ အောင်မြင်သဖြင့် ရခိုင်ဘုရင်စီးသော ဆင်ထံ သို့ အပြင်းဝင်တိုက်လေ၏။ ရခိုင်ဘုရင်လည်း ဆင်ချင်းအားမတန်သဖြင့် ဆင်ပေါ်မှ့ ဆင်းပြီး မြင်းစီးကာ ရခိုင်နေပြည်တော်သို့ ကိုယ်ရံတော်မြင်းတပ်တစ်ထောင်ဖြင့် အပြင်းဆုတ်လေ၏။ ထိုချိန် အနောက်ဘက်မှ အင်းဝဘုရင့် မြင်းမှူး စောနစ်က အနောက်အရပ်မှ ထိုးဖောက်ဝင်လာရာ ရခိုင်ဘုရင်ပါသော မြင်းတပ်ဖြင့် တွေ့ပြီး အပြင်းတိုက်ခိုက်ကြလေ၏။ တစ်ယောက်နှင့် တစ်ယောက် ဓါးချင်း ခုတ်ရာ စောနစ်မှ ရခိုင်ဘုရင်ခေါင်းကို ဖြတ်မိလေသည်။

ရခိုင်ဘုရင်ကျတော်မူလျှင် ရခိုင်တပ်သားတို့လည်း ရခိုင်နေပြည်တော်သို့ အပြင်းဆုတ်ကြလေသည်။ မင်းရဲကျော်စွာတို့လည်း ရခိုင်နေပြည်တော်အထိ ချီတက်ပြီး မြို့တော်ကို လုပ်ကြံလေသည်။ မြို့တော်မှာ အထူး စီရင်ထားသဖြင့် အပြင်းအထန်တိုက်ခိုက်ရလေသည်။ နောက်ဆုံး ရခိုင်ဘက်မှ မခံနိုင်တော့ဘဲ မြို့တော်လည်း ကျလေသည်။

ဘုရင်မင်းခေါင်လည်း ထိုသတင်းကိုကြားလျှင် ကလေးစားကို မင်းမြောက်တန်ဆာငါးပါးပေးပြီး ရခိုင်သို့ မင်းပြုရန် စေလွှတ်လေ၏။ သားတော်မင်းရဲကျော်စွာလည်း ကလေးစား၊ ရခိုင်သို့ရောက်လျှင် စစ်သည် တိုဖြင့် မြို့ကို ကောင်းစွာ စီရင်ပြီးမှ နေပြည်တော်သို့ ပြန်လေသည်။



Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။