Skip to main content

အင်းဝဘုရင် မင်းခေါင်

မင်းကြီးစွာ၏ သားတော်အကြီး အိမ်ရှေ့မင်းမှ မင်းကြီးစွာ လွန်သော် အင်းဝထီးနန်းကို သိမ်းလေ၏။ သက္ကရာဇ် ၇၆၂ တွင်ဖြစ်သည်။ ထီးနန်းသိမ်းချိန်တွင် မှူးမတ်တို့မှာ အိမ်ရှေ့မင်းကို အလိုသိပ်မရှိကြချေ။ တနေ့ မင်းကြီး တောကစားထွက်လေသည်။ တောကစား ထွက်လေရာ မင်းကြီးမှ မြင်းကို အလိုနှင်သဖြင့် မှူးမတ်တို့နှင့် အဆက်အသွယ်ပြတ်လေသည်။ ထိုနောက် အတန်ကြာမှ မင်းကြီးသည် တောထဲမှ ဘုရင့်တပ် စခန်းချရာသို့ ပြန်လာလေသည်။

မင်းကြီးသည် တောမှအပြန်တွင် နောက်တနေ့တွင် မှူးမတ်တို့ကို ခေါ်ပြီး ကောင်းမူတော်တဆူ တည်ရန် တိုင်ပင်လေသည်။ မှူးမတ်တို့ ထောက်ခံသဖြင့် အင်းဝမြို့တောင်ဘက်တွင် စေတီတော် တဆူကို တည်ထား လေသည်။ စေတီတည်ပြီးနောက် မင်းကြီးသည် ပြည်တွင်းရေးတွင် စိတ်မ၀င်စားတော့ သဖြင့် နန်းတော်တွင် မနေဘဲ မြို့တော် အပြင် ရွာတရွာတွင် ယာယီနန်းတော်ဆောက်ပြီး နေလေ၏။

မင်းကြီးတွင် အထိန်းတော် ငနောက်ဆံ ဆိုသူ ရှိလေ၏။ ငနောက်ဆံကား လူကောင်းမဟုတ်၊ နန်းတွင်း အတွင်းဝန်မင်းတို့ မင်းကြီးကို အလိုမကျသဖြင့် ငနောက်ဆံကို လုပ်ကြံရန် စေခိုင်းလေသည်။ ငနောက်ဆံ သည် များလှသော ရွှေငွေတို့ကို မြင်လျှင် အလိုလောဘတက်ပြီး ဘုရင်ကို လုပ်ကြံလေသည်။ အင်းဝဘုရင် မှာမူ ရဲမက် အနည်းဖြင့်သာ နေလေ့ရှိသည်။ ညနေစောင်းချိန်ဆိုလျှင် ကမ်းစပ်မှာ ငါးမျှားနေလေ့ရှိသည်။ ငါးမျှားနေလျှင် အထိန်းတော် နှစ်ယောက်ကိုသာ ခေါ်လာလေ့ရှိသည်။ ထိုနေ့ကား ငနောက်ဆံ နှင့် အထိန်းတော် နောက်တစ်ယောက်၏ နေ့ဖြစ်လေသည်။

ငနောက်ဆံမှာ ဘုရင်ငါးမျှားနေစဉ် အဖော် အထိန်းတော်ကို သတ်ပြီး ဘုရင်ကို လက်ဦးမူယူပြီး လုပ်ကြံ လေသည်။ ထိုအခါ အင်းဝဘုရင်မှာ နန်းစံနှစ် ၇ နှစ်သာရှိပြီး နတ်ရွာစံလေသည်။ ငနောက်ဆံလည်း များမကြာမီ ဘုရင်ကို လုပ်ကြံမူဖြင့် အသတ်ခံရလေ၏။

အင်းဝနန်းတော်တွင် ဘုရင်မရှိဖြစ်လေသည်။ မှူးမတ်တို့လည်း ဘုရင့်ညီတော် ပြင်စည်မင်းသားကို ထီးနန်း သိမ်းရန် လျှောက်ထားကြလေသည်။ ထိုအခါ ပြင်စည်မင်းသားက ကျုပ် ထီးနန်းကို သိမ်းလျှင် ဦးရီးတော် ရမည်းသင်းစား စစ်ချီလိမ့်မည်၊ ကျူပ် မလုပ်လို ဦးရီးတော်ကိုသာ အင်းဝထီးနန်းကို ပေးပါ ဆိုပြီး မယူဘဲ နေလေ၏။

ရမည်းသင်းစားလည်း မှူးမတ်တို့က ဘုရင်လုပ်ရန် ပင့်သဖြင့် အင်းဝသို့ ချီတက်လာလေသည်။ လမ်းခရီးတွင် ပြင်စည်မင်းသား၏ ညီတော် ရှင်သိဒ္ဒတ်က ရုတ်တရုက် စစ်ထိုးသဖြင့် ရမည်းသင်းစား တပ်ပျက်ကာ ရမည်းသင်းစားလည် ကံကုန်လေသည်။

ထိုအခါမှသာ ပြင်စည်မင်းသားသည် အင်းဝ ထီးနန်းကို သိမ်းလေသည်။ မင်းခေါင်ဟူသော အမည်ကို ယူလေသည်။ မင်းခေါင်ဘုရင်ဖြစ်ချိန်တွင် အင်းဝပိုင်နက်မှာ ယခု မန္တလေးတိုင်း၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း ဒေသ တချို့ သာ ရှိလေသည်။ ယခု ကချင်ပြည်နယ်၊သျှမ်းပြည်နယ်၊ တရုတ်ယူနန်နယ် တချို့ဒေသ၊ စစ်ကိုင်းတိုင်း ဒေသ တချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ကို သျှမ်းများက အုပ်ချုပ်လေသည်။ ယခု ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းကို မွန်ဘုရင် ရာဇဓိရာဇ်က အုပ်ချုပ်လေ၏။ ရခိုင်ကိုမူ ရခိုင်မင်းကသာ အုပ်ချုပ်လေသည်။


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။