Skip to main content

မင်းကြီးစွာ နတ်ရွာစံခြင်း

သက္ကရာဇ် ၇၅၃ တွင် ပြည်မြို့သားတို့က မင်းကြီးစွာထံ သာယာဝတီတွင် ဆင်ဖြူတွေ့သည်ဟု လျှောက် လာကြလေသည်။ မင်းကြီးစွာလည်း ဆင်ဖြူပိုင်လိုသဖြင့် အောက်ပြည်သို့ ဆင်းလေသည်။
သာယာဝတီမှာမူ မွန်တို့၏ နယ်စပ်ဖြစ်လေသည်။ ထိုချိန် မင်းကြီးစွာမှ ဆင်ဖြူရှိမရှိကို စုံစမ်းနေချိန်တွင် ရာဇာဓိရာဇ်မှ ဆင်အားမြင်းအား အလုံးအရင်းဖြင့် ချီတက်လာလေ၏။



မင်းကြီးစွာလည်း ငါမွန်တို့နှင့် စစ်တိုက်ဖို့လာသည်မဟုတ် သို့ကြောင့် ဆင်ကောင်း၊မြင်းကောင်း စစ်သည် အင်အားလည်း မများ၊ စစ်တိုက်ခဲ့သော် ရူံးနိုင်သည်ဟု ဆိုပြီး မိမိတပ်များကို ပြည်မြို့သို့ ပြန်ဆုတ်လေ၏။
ထိုနောက် ဆင်ဖြူကိုလည်း မတွေ့သဖြင့် စိတ်မချမ်းသာစွာဖြင့် နေပြည်တော်သို့ ပြန်လေသည်။

သက္ကရာဇ် ၇၅၄ တွင် မိုညုင်းတစ်ဝိုက် (ယခု ကချင်ပြည်နယ်) ကို ပိုင်စိုးသော မိုညုင်းဘုရင် သိုချည်ဘွား ယောက်ဖ သိုဟန်ဘွားသည် ဆင်၊မြင်း၊ အလုံးအရင်းဖြင့် အင်းဝပိုင်နက်ဖြစ်သော မြေတူးမြို့ကို တိုက်ခိုက်လေ၏။ မင်းကြီးစွာလည်း အင်းဝနိုင်ငံတော်တစ်ဝှမ်း စစ်အင်အားကို စုရုံးပြီး တကောင်းတိုင်အောင် ချီတက်လေသည်။

ထိုချိန်တွင်  အင်ရည်တုရင် တို့ ဦးဆောင်သော ကြည်းကြောင်း နှင့် မိုးညှင်းရှမ်းတပ်တို့ တိုက်ကြလေသည်။ အပြင်းအထန်တိုက်ကြရာ အင်းဝတပ်တို့ မခံနိုင်သဖြင့် စစ်ကိုင်းမြို့အထိ ဆုတ်လေသည်။ မင်းကြီးစွာလည်း ရွှေမြို့တော်အင်းဝ ကျမည်စိုးသဖြင့် တကောင်းမှ အင်းဝသို့ ပြန်ဆုတ်လာပြီး မြို့ကို အခိုင်အခံ ပြုလေ၏။

မင်းကြီးစွာလည်း ရမည်းသင်းစား၊ တောင်ငူစား၊တောင်တွင်းစား၊ညောင်ရမ်းစား တို့ကို အလျင်လာ ဟု ဆင့်ခေါ်လေ၏။ နယ်စားတို့၏ တပ်ကို ရမည်းသင်းနယ်စားကြီး သီလ၀ ဦးဆောင်ပြီး အင်ရည်တုရင် ထံသို့ စစ်ကူအဖြစ် ချီတက်လေသည်။

စစ်ကိုင်းတွင် အပြင်းအထန်တိုက်ကြရာ မိုးညှင်းရှမ်းတို့ ဘက်မှ မခံနိုင်ဘဲ တပ်ဆုတ်ရလေ၏။ ထိုချိန်တွင် မိုးညှင်းဘုရင်မှ တပ်များကို ပြန်လည်ဆုတ်ရန် အမိန့်တော်ထုတ်လေရာ မိုးညှင်းရှမ်းတို့လည်း အမိန့်တော် အတိုင်း ပြန်ဆုတ်လေသည်။

မင်းကြီးစွာလည်း ၀မ်းမြောက်ဝမ်းသာဖြစ်လေသည်။ သက္ကရာဇ် ၇၆၂ တွင် မင်းကြီးစွာသည် နာမကျန်းဖြစ်ပြီး နတ်ရွာစံလေသည်။ သက်တော် ၇၀ တွင်ဖြစ်ပြီး နတ်ရွာစံသော် သားတော် အိမ်ရှေ့မင်းမှ နန်းသိမ်းလေ၏။


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။