Skip to main content

ကျန်စစ်သား အပိုင်း (၁) စောလူးမင်း အဖမ်းခံရခြင်း

ကျန်စစ်သားဟာ အနော်ရထာမင်းအမျက်တော်သင့်သည်မှ စ၍ ရှောင်နေရာမှ သားတော်စောလူးမင်း နန်းတော်သော် ကျန်စစ်သားကို အမတ်တို့၏ တိုက်တွန်းချက်ဖြင့်နေပြည်တော်သို့ ပြန်ခေါ်လေသည်။ ကျန်စစ်သား နေပြည်တော်သို့ ရောက်ပြီး အခစားဝင်နေလေသည်။ တစ်နေ့သော် စောလူးမင်းသည် သူ၏ ငယ်ကျွန် ငရမန် နှင့် အန်ကစားရာတွင် ငရမန်နိုင်လေ၏။ နိုင်၍ လက်ခမောင်းခတ်လေ၏။


ထိုသည်ကို စောလူးမင်းက “ ဟဲ့ ငါ့ကို အန်တစ်ပွဲ မျှ နိုင်လေသည်ကို ထ၍ လက်ခမောင်းခတ်လေဘိ၏၊ ယောကျာ်းမှန်ရင် ငါ့ကို နင်စားသော ပဲကူးဖြင့် ပုန်ကုန်လေ” ဟု ပြောမိလေသည်။ ငရမန်ကလည်း “ တကယ်လား” ဟုမေးလေသော် စောလူးမင်းက “ ငါသို့သော မင်းသည် မဟုတ်သော စကားကို မဆို” ဟု ပြန်မိန့်လေသော်။ ငရမန်လည်း ပဲခူးပြန်ပြီးပုန်ကုန်ထကြွလေသည်။ စောလူးမင်းလည်း ငရမန်ကို နှိမ်နင်းအံ့ဟု ဆိုကာ ကျန်စစ်သားကို တပ်မှူးလုပ်စေပြီး ချီတက်လေသည်။ အတန်ကြာချီတက်လာပြီးသော် ညရောက်သဖြင့် တပ်ချပြီး နားနေကြလေသည်။ ထိုအခါ ငရမန်က အသင့် စီစဉ်ထားသော ရွှံညွန့်များရာအရပ်တွင် နှီးဖြင့် ဆင်ရုပ်၊မြင်းရုပ်၊လူရုပ်ပြုပြီး စစ်ချီတက်လာသလို ဗုံမောင်းများဖြင့် တီးခတ်၍ စစ်ချီသံများပြုလုပ်လာလေသည်။ ကျန်စစ်သားနှင့် စောလူးမင်းတို့လည်း စစ်ချီသည် ထင်ပြီး မဆင်မခြင် လိုက်လေရာ ရွှံညွှန့်များအတွင်းသို့ ကျလျက် စစ်သည်အပေါင်းတို့လည်း ပျက်လေသည်။ စောလူးမင်းလည်း ဆင်အပေါ်ကဆင်းလျက် တောထဲတွင် ပုန်းခိုနေလေသည်။ ကျန်စစ်သားလည်း မြင်းဖြင့် အပြင်း ဒုန်းစိုင်း စီးရာ မိုးသောက်သော် နေပြည်တော်ကို ရောက်လေသည်။

စောလူးမင်းသည် စားတော် ၃ နပ်တိုင်အောင် မစားရသည်နှင့် ငတ်မွတ်သောကြောင့် ပုန်းရာမှ ထွက်ပြီး အစာရှာထွက်လေသော် ထင်းခွေသူနဲ့ တွေ့လေသည်။ ထင်းခွေသူကို သူ၏ လက်စွပ်ပေးပြီး ထင်းခွေသူဆီက ထမင်းထုပ်ဝယ်လေသည်။ ထင်းခွေသူကား ငရမန်၏ အခိုင်းဖြစ်လေရာ နောက်ပိုင်း ငရမန်သိသဖြင့် စောလူးမင်းကို ဖမ်းစီးထားလေသည်။





Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။