Skip to main content

နရသီဟပတေ့ အပိုင်း(၂) မွန်ဂိုဖြင့် စစ်ဖြစ်ခြင်း

တနေ့တွင် နရသီဟပတေ့ထံ တရုတ်ပြည်က မွန်ဂိုသံအမတ်တွေ ရောက်ရှိလာလေသည်။ သံအမတ်တွေကား နရသီဟပတေ့ကို ခပ်ရိုင်းရိုင်းဆက်ဆံလေသည်။ နရသီဟပတေ့လည်း ဒေါသထွက်သဖြင့် သံအမတ်အားလုံးကို ခေါင်းဖြတ်စေလေသည်။ ထိုသတင်းကို မွန်ဂိုတို့ကြားလျှင် စစ်တပ်ဖြင့် ပုဂံပြည်ကို လွှတ်လေသည်။ နရသီဟပတေ့လည်း မြို့ကို ခိုင်အောင်ပြုလုပ်လိုသဖြင့် အုတ်ကို လျင်မြန်စွာ လိုအပ်သဖြင့် ဘုရားပုထိုးတော်များကို ဖျက်ကာ မြို့ရိုးကို အခိုင်အမာတည်လေသည်။ သို့သော်လည်း အမတ်တို့၏ တိုက်တွန်းချက်ကြောင့် စစ်သူကြီး အနန္တပစ္စည်းကို လွှတ်ကာ တရုတ်မွန်ဂိုတို့ကို ဆီးကြိုတိုက်ခိုက်စေလေသည်။

တရုတ်တပ်များမှာ အလွန်အမင်းအင်အားကြီးသည်ဖြစ်ပြီး ငဇောင်ချမ်းတွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ကြလေသည်။ တရုတ်ဘက်လည်း အကျအရူံးများပြီး ငဇောင်ချမ်းတွင်ဖွဲ့ထားသော ခံတပ်ကို သုံးလတိုင် အောင် ဖောက်နိုင်ခြင်းမရှိပေ။ သို့သော် တရုတ်မွန်ဂိုများ ထပ်ပြီးရောက်ရောက်လာသဖြင့် ငဇောင်ချမ်းခံတပ် မခံနိုင်ဘဲ ပျက်လေသည်။ ထိုအခါ သရပါတံခါးစောင့်သော နတ်သည် ဘုရင်၏ ဆရာတော်ကို ခြေတော်လူပ်ပြီး လျှောက်တင်လေသည်။ “ ယနေ့သည် ငဇောင်ချမ်းပျက်ခဲ့လေပြီ၊” ဟု လျှောက်သဖြင့် ဆရာတော်လည်း ဘုရင်ကို မိန့်လေသည်။ ဘုရင်လည်း ထိုအကြောင်းကြားလျှင် လှေပေါင်း တစ်ထောင်ကျော်ပြုလုပ်ပြီး ပုသိမ်သို့ စုန်တော်မူလေသည်။

စစ်သူကြီး အနန္တပစ္စည်းလည်း မန်လည်တောင်ရံမှာ ခံတပ်မြို့တည်ပြီး အပြင်းအထန်ခုခံလေသည်။ သို့သော် တရုတ်မွန်ဂိုတို့က စစ်တပ်ကို လွှတ်မြဲလွှတ်သဖြင့် အင်အားမမျှကာ ထိုတိုက်ပွဲတွင် စစ်သူကြီး အနန္တပစ္စည်း ကျရူံးလေသည်။ ထိုအခါ စစ်သူကြီး ရန္တပစ္စည်းက လူသူကို စုပြီး ပုဂံသို့ စုန်လာသော် နေပြည်တော်တခု လုံး ပြည်မြို့သို့ စုန်သွားပြီ သိသဖြင့် ဘုရင်နောက်သို့ လိုက်လေသည်။ တရုတ်မွန်ဂိုသို့ ပုဂံရောက်သော် ဘုရင်ကို ဖမ်းရန် ပြည်မြို့သို့ လိုက်လေသည်။ သို့သော် ဆရာတော်ရှင်ဒိသာပါမောက္ခက မွန်ဂို ကူဗလိုင်ခန် ရှိရာသို့ အရောက်သွားပြီး ငြိမ်းချမ်းရေးကမ်းလှမ်းသောကြောင့် မွန်ဂိုတပ်များ ဆုတ်ခွာသွားလေသည်။

ထိုချိန်မှစပြီး နရသီဟပတေ့ကို တရုတ်ပြေးမင်းဟု ရာဇ၀င်တွင်လေသည်။ နရသီဟပတေ့လည်း တရုတ်ပြန်သည်ကြားသော် နေပြည်တော်သို့ ပြန်ရန် စီစဉ်နေစဉ် သီဟသူက လုပ်ကြံမည်ဟု သတင်းထွက် သဖြင့် ခြေကျင်းဖြင့် ထားရာ သီဟသူက ထွက်ပြေးလွတ်မြောက်သွားပြီး ဗိုလ်လူအပေါင်းကို စုရူံးပြီး ပြည်မြို့ကို အခိုင်နေလေသည်။ နရသီဟပတေ့လည်း သားတော်ပြည်စား သီဟသူအား ယုံကြည်ပြီး စစ်သည် များကို မစုရုံးဘဲ ဆန်တက်လေသော် သားတော်က မသွားရန်တားပြီး အဆိပ်ထည့်ထားသော စားတော်ကို ခေါ်ရန် ဆက်သလေသည်။ ဘုရင်တွင် စစ်သူအင်အားနည်းသောကြောင့် နရသီဟပတေ့မှာ ရွေးစရာ လမ်း မရှိတော့ဘဲ လက်စွပ်ကို ရေစက်ချကာ “ သံသရာတွင် သားယောင်္ကျား ကို မရလို” ဟုဆုတောင်းပြီး စားတော်ခေါ်ကာ ထိုခဏတွင် အနိစ္စရောက်လေသည်။ နရသီဟပတေ့သည် အသက် ၆၀ တွင် အနိစ္စရောက်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။