နရသီဟပတေ့မင်း အပိုင်း(၁)

နရသီဟပတေ့မင်းသည် အမတ်ကြီးရာဇသင်္ကြ ကောင်းမူကြောင့် မင်းဖြစ်လာသူဖြစ်သည်။ တနေ့ ဥဇနာမင်းကြီး လွန်သော် သားတော်ကြီးဖြစ်သော သီဟသူသည် နန်းလျာဖြစ်ရာ နန်းတက်ရာတွင် အမတ်ကြီးရာဇသင်္ကြမှ နန်းတွင်း အမတ်များကို စည်းရုံးပြီး သီဟသူသည် ဒေါသကြီးသူဖြစ်သည်၊ တရားစောင့်သူမဟုတ်ဟု စသဖြင့် သိမ်းသွင်းသဖြင့် အမတ်များလည်း ရာဇသင်္ကြနှင့် တစိတ်ဝမ်းဖြစ် ကြ့ပီးလျှင် သီဟသူကို နန်းချကာ နရသီဟပတေ့ကို နန်းတင်လေသည်။


နန်းတင်ပြီး နရသီဟပတေ့သည် ရာဇသင်္ကြလျှောက်ထားသည်ကို အမျက်ရှပြီး ဒလမြို့သို့ စည်းစိမ်သိမ်းပြီး ပို့ဆောင်စေလေသည်။ နေပြည်တော်တွင် ရာဇသင်္ကြမရှိဟုကြားလျှင် နိုင်ငံတ၀န်း ပုန်ကန်ကြလေသည်။ ထိုအကြောင်းကို နရသီဟပတေ့သိသော် စိတ်မသာမယာဖြစ်နေပြီး တိုင်ပင်စရာ အမတ်ကောင်းလည်း မရှိသဖြင့် မိုင်နေသည်ကို မိဖုရားက မင်းကြီးကို ရာဇသင်္ကြအမတ်အား ပြန်ခေါ်ရန် တိုက်တွန်းလေသည်။ မင်းကြီးလည်း ကြံရမရတော့ဘဲ မင်းမိန့်သိမ်းကာ ရာဇသင်္ကြအမတ်ကို ပြန်လည် ဆင့်ခေါ်စေလေသည်။

နရသီဟပတေ့လည်း ရာဇသင်္ကြကို စားမြဲ၊ရှိမြဲ အဆောင်အယောင်အပြင် ဆုလာဘ်အသစ်တွေပါ ချပေးပြီး ပုန်ကန်ခြားနားရာ မုတ္တမသို့ စစ်ချီတက်စေလေသည်။ မုတ္တမကို အောင်မြင်စွာသိမ်းနိုင်ပြီးလျှင် နောက်ထပ် ပုန်ကန်ရာ မစ္ဆဂီရီ(ယခုသရက်မြို့) ကို စစ်ချီတက်ပြန်သည်။ မစ္ဆဂီရီကို အောင်နိုင်သော်လည်း အမတ်ကြီး ရာဇသင်္ကြမှာ အသက်အားဖြင့် ၆၂ ရောက်နေသည်ကား တစ်ကြောင်း၊ အလွန်အမင်းအလုပ်ကြိုးစားပြီး နားချိန်မပေးသည်ကား တစ်ကြောင်း နေပြည်တော်မရောက်မီပင် အနိစ္စရောက်လေသည်။

နရသီဟပတေ့မင်းလက်ထက်တွင် ထင်ရှားသော ဖြစ်အင်တစ်ခုမှာ မိဖုရားစောလုံဖြစ်လေသည်။ မိဖုရား စောလုံသည် နရသီဟပတေ့၏ အချစ်ဆုံးမိဖုရားဖြစ်လေသည်။ တနေ့သော် ဘု၇င်မှ ကျီစားလိုသဖြင့် ရေကစားရာတွင် စောလုံကို ရေရွှမ်းရွှမ်းစွတ်အောင် ရေပတ်မိသည်။ ဘုရင်မှ ကျီစားသော်လည်း စောလုံ မှာ ဘုရင်ကို အညိုးထားလျက် ဘုရင်စားတော်ခေါ်ရာတွင် အဆိပ်ထည့်လေသည်။ ဘုရင်စားတော်ခေါ် ခါနီးတွင် နန်းတွင်းခွေးက “ချေ” သဖြင့် ဘုရင်က ခွေးကို အစာကျွေးရာ ထိုခဏတွင် သေလေသည်။ ဘုရင်လည်း ဒေါသထွက်လျက် စစ်ဆေးလေရာ စောလုံလက်ချက်ဖြစ်ကြောင်းပေါ်သဖြင့် အချစ်ကြီး အမျက်ကြီး ဆိုသကဲ့သို့ စောလုံကို သံကျပ်ပြုလုပ်စေပြီး မီးရို့သတ်စေလေသည်။

စောလုံလည်း ဗုဒ္ဒဘာသာဝင်ပီပီ လောကဓံကို ကြံကြံခံပြီး နေ့စဉ် သီတင်းသီလ ဆောက်တည်ပြီး ဂုဏ်တော် များကိုသာ ပွားများလေသည်။ မီးရို့သည့်နေ့တွင် မီးမှာ စောလုံဆီကို လောက်ကျွမ်းခြင်း မရှိပေ။ သုံးကြိမ်တိတိ ရို့သော်လည်း မလောင်ပေ။ စောလုံလည်း သစ္စာပြုလေသော် ထိုခဏ မီးလောက်ကျွမ်းပြီး ကွယ်လွန်အနိစ္စရောက်လေသည်။
Share:

1 comment: