Skip to main content

ထီးလိုမင်းလို

အေဒီ ၁၂၁၁ တွင် ဇေယျသိင်္ခ ခေါ် ထီးလိုမင်းလို နန်းတက်လေသည်။ ခမည်းတော်ဖြစ်သော နရပတိစည်သူသည် အမျှော်အမြင်ကြီးသော မင်းဖြစ်လေ၏။  နရပတိစည်သူ၏ ခမည်းတော် နရသူ နှင့် နရသိင်္ခ တို့၏ နန်းလုပွဲ စိတ်ဝမ်းကွဲမူများကို မြင်တွေ့ရသဖြင့် မိမိလွန်သော် ထိုအဖြစ်ဆိုးမျိုးကို မဖြစ်စေလို သဖြင့် မိမိ နတ်ရွာ မစံမီ နန်းဆက်ခံဖို့ အရေးကို အသေအချာ ပြု ထားလေသည်။

နရပတိစည်သူသည် မိမိ အမတ်များ နှင့် တိုင်ပင်ရာ ရှေးယခင် မြတ်စွာဘုရားလက်ထက်တော်များက တိုင်းပြည်ကို သာယာအောင် ဘုရင်များ ဘယ်လို အုပ်ချူ ပ်သည်ကို မေးမြန်းရာ အမတ်များက လွှတ်တော်ကဲ့သို့သော အတိုင်အပင်ခံများဖြင့် တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချူ ပ်ခဲ့ကြကြောင်း အာဏာကို ညီမျှစွာ ခွဲဝေထားသဖြင့် နန်းလုမူများ ပေါ်ပေါက်လေ့မရှိကြောင်း လျှောက်ထားကြလေ၏။

နရပတိစည်သူလည်း သဘောတော်ကျကာ လွှတ်တော်ကို စတင်အကောင်အထည်ဖော်ခဲ့လေသည်။ ထိုကြောင့် မိမိသားတော် ၅ ပါး ရှိသည့်အနက် အငယ်ဆုံးသားတော် ဇေယျသိင်္ခ ကို ထီးနန်းလွှဲခဲ့လေ၏။ ထိုပြင် သားတော်ကြီးများ ကိုလည်း အရေးပါသော လွှတ်တော်နေရာများတွင် ရာထူးကြီးများ ပေးထားသဖြင့် ဘုရင်တွင် အာဏာအပြည့်အ၀ မရှိဘဲ အားလုံး အတူတကွ စုရုံးကာ အရေးကိစ္စများကို ဆုံးဖြတ်ရသဖြင့် ထီးလိုမင်းလို ခေတ်တွင် ပုဂံပြည်ကြီးသည် သာယာဝပြောခဲ့လေ၏။

သို့သော်လည်း အခွန်တော်ကောက်ခံရေးဘက်တွင် အခက်အခဲ ရှိခဲ့လေသည်။ သာသနာတော်ကို လွန်စွာ သက်ဝင်ယုံကြည်ခဲ့ကြသဖြင့် များစွာသော သဌေးများ၊ သူဆင်းရဲ လယ်သမားများပင် မိမိတို့ပိုင်သော လယ်ယာမြေများကို သာသနာတော် တွက် လှူ ဒါန်းခဲ့ကြသဖြင့် အခွန်တော် ကောက်ခံရာတွင် အခက်အခဲ ရှိခဲ့လေသည်။ ထိုခေတ်က သာသနာတော် အတွက် လှူ ဒါန်းထားသော လယ်ယာမြေများကို အခွန်ကောက်ခွင့် မရှိပေ။

ထီးလိုမင်းလို ဘုရား 
ထီးလိုမင်းလိုသည် တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်သောကြောင့် ပုန်ကန်သူဟူ၍ မရှိပေ။ နေပြည်တော်သည်လည်းလွန်စွာ သာယာဝ ပြောလေသည်။ ခမည်းတော် နရပတိစည်သူ တည်သော ဂေါတော့ပလ္လင် မပြီးသည်ကို ဆက်လက်ပြီး တည်တော်မူလေသည်။ ထိုပြင် ထီးလိုမင်းလို ဘုရားကိုလည်း တည်ထားခဲ့သည်။
တိုင်းပြည်ကို မင်းကျင့်တရား ၁၀ ပါးနှင့် အုပ်ချုပ်ပြီး သက်တော် ၆၀ တွင် အနိစ္စ ရောက်တော်မူလေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။