Skip to main content

နရပတိစည်သူ အပိုင်း(၁) မင်းဖြစ်တော်မူခြင်း

နရပတိစည်သူသည် နောင်တော်မင်းယဉ်နရသိင်္ခကို လုပ်ကြံ့ပီးနောက် ပုဂံထီးနန်းကို သိမ်းတော်မူ လေသည်။ ထီးနန်းသမ်းပြီးနောက် ကျွန်ဖြစ်သည့် အောင်စွာငယ်ကို ဂတိအတိုင်း မိမိ၏ မရီးတော်များ ထဲမှ အောင်စွာငယ် ကြိုက်နှစ်သက်သည်ကို ပေးစားမည်ပြုရာ မရီးတော်တို့က ငိုယို တောင်းပန်သဖြင့် အောင်စွာငယ်ကို ခေါ် ပြီး မရီးတော်ကို မယူလေနှင့် နန်းတော်ရှိ ကြိုက်ရာအပျိုတော်ကို ရွေးပါလေ ဟု ဆိုရာတွင် အောင်စွာငယ်မှ ”ထွီ” ဟု ပြုသဖြင့် နရပတိစည်သူမှ အမျက်တော်ရှပြီး ထိုနေရာတွင် လက်သုံးတော်ဓားဖြင့် ကွပ်မျက်လေသည်။


နန်းသိမ်းပြီး နောင်တော်၏ ယုံကြည်ရတဲ့ အမတ်တစ်ဦးဖြစ်သည့် အနန္တသူရိယ ကို မယုံကြည်သဖြင့် ကွပ်မျက်ရန် အမိန့်တော်ချလေသည်။ လက်မရွံသားတို့လည်း အမတ်အနန္တသူရိယ ကို ဖမ်းပြီးသော် လူသတ်ကုန်းသို့ ယူဆောင်လေသော် အမတ်မှာ သူသတ်တို့၏ နှိပ်စက်ဒဏ်မှ သေအံ့မူးမူးဖြစ်နေစဉ် မင်းကြီးအတွက် အမျက်ဖြေလင်္ကာကို ဆက်သရန် ပေးလေသည်။ သူသတ်တို့လည်း အမတ်ကို သတ်ပြီးမှ လင်္ကာကို ဆက်သလေသည်။ အမျက်ဖြေလင်္ကာမှာ...

(၁)သူတစ်ယောက်သည်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်ကား၊ ပျောက်လင့်ကာသာ၊ ဓမ္မတာတည်း။
(၂)ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊မတ် ဗိုလ်ရံ၍၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
(၃)ကြင်နာသနား၊ငါ့အား မသတ်၊ယခု လွှတ်လည်း၊ ၀ိပါက်ကြမ္မာ၊လူတကာတို့၊ အတည်အမြဲ၊ ဖောက်လှဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း။
(၄)ရှိခိုးကော်ရော်၊ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊သံသာစက်တွင်၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ စိတ်မြဲသို၍၊ ကြည်ညိုလွှတ်ပြန်၊ သခင်မွန်ကို၊ ချန်ဘိစိစစ်၊ အပြစ်ဖယ်ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ၊ ငါ့ခန္ဒာတည်း။

စာကို ဖတ်ပြီးသော် နရပတိစည်သူမှာ လွှတ်စေ ဟု မိန့်ကြားလေသည်။ သူသတ်တို့လည်း လွန်တော်မူပြီ လျှောက်သော် နရပတိမှ “ နင်တို့ မသတ်ခင်၊ ငါ့ကို စာအရင်ဆက်သ ကောင်းသည်ကို မဆက်ရသလော” ဟုဆိုပြီး သူသတ်တို့ကိုလည်း ကွပ်မျက်ပြန်လေသည်။ ထိုနောက် မင်းကြီးမှ “ နောက်နောင် ငါအမျက်တော် ရှိ၍ သတ်လေဟု အမိန့်တော် ရှိသော်လည်း တစ်လ လောက် ထားပြီးမှ သေချာစစ်ပြီးမှ သတ်လေ” ဟု မိန့်တော်မူလေသည်။ မင်းကြီးလည်း နောင်တကြီးစွာရပြီး ထိုနေ့မှ စ၍ ဒေါသနည်းပြီး တိုင်းပြည်အကျိုးကို ပို၍ဆောင်ရွက်တော်မူလေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။