Skip to main content

နရသူ အပိုင်း(၂) ဓမ္မာရံကြီးကို တည်တော်မူခြင်း နှင့် နတ်ရွာစံခြင်း

နရသူမင်းသည် ဒေါသအလွန်တရာကြီးသောမင်းဖြစ်လေသည်။ ဒေါသအလွန်ကြီးသဖြင့် ကိစ္စအသေး လေးကအစ သည်းခံခြင်းမရှိပါ။ တခါ ကိစ္စတခုကြောင့် အလောင်းစည်သူပေးထားသော သတို့သမီး တပါး စိတ်ကောက်၍ သူ့ထံမလာသည်ကို ကွပ်မျက်ပစ်လေသည်။ ဘထွေးတော်များကိုလည်း ကွပ်မျက်လေသည်။ ရဟန်းတော်တချို့ကိုလည်း လူထွက်စေပြီး အမူထမ်းခိုင်းလေသည်။ တိုင်းပြည်လည်း ဆင်းရဲလေသည်။ တနေ့သော် နရသူသည် ဘေးတော်တို့လုပ်ရိုးလုပ်စဉ်အတိုင်း ကုသိုလ်တော်တခု လုပ်ရန် အကြံရလေသည်။ ထို့နောက် မင်းမှူးမတ်တို့ကို ခေါ်ပြီး တိုင်းပြည်အနှံရှိ ပန်းရံဆရာများကို ခေါ်စေလေသည်။


ပန်းရံဆရာများကို ခေါ်စေပြီးဓမ္မာရံကြီးကို တည်လေသည်။ နရသူသည် စေ့စပ်သူဖြစ်လေရာ ပန်းရံဆရာများ ဆောက်ပြီးသမျှကို အပ်တော်တချောင်း ဖြင့် အုတ်ကြားတွင် ထိုးပြီး စစ်ဆေးလေသည်။ အပ် ထိုး၍ ၀င်လျှင် အမေးအမြန်းမရှိ ထိုနေရာတွင်ပင် ကွပ်မျက်လေသည်။ ထို့ကြောင့် ပန်းရံဆရာတို့မှာ လိုအပ်သည် ထက် ပို၍ ပင်ပန်းသည့်အပြင် မင်းကွပ်မျက်မှာကို ကြောက်ရွံရလေသည်။ တချို့ပန်းရံဆရာတို့လည်း နေပြည်တော်မှ တိမ်းရှောင်လေသည်။ ထို့ကြောင့်ဓမ္မာရံကြီးမှာ လူအင်အား မမျှကာ ပြီးဆုံးခြင်းမရှိဘဲ ရှိနေလေသည်။ ထိုအခါ ပညာရှိသော အမတ်သည် မင်းကြီးကို ပညာပေးချင်သဖြင့် ဆောက်ခွင့်တောင်းလေသည်။ ထိုအမတ်သည် ဘုရင်အလိုတော်အကျ စေ့စပ်အောင် ဆောက်လုပ်ပေးလေသည်။ သို့သော် ဘုရင် မော့၍ကြည့်မရသော နေရာတွင် အပ်တချောင်းထိုးစာမျှ ချန်ထားလေသည်။ ကျောင်းတော်ကို ဆောက်ပြီးသော အမတ်လည်း နေပြည်တော်မှ ထွက်ပြေးလေသည်။ မင်းကြီးသည် ထို အပ်တချောင်းထိုးလို့ရသည်ကို သိသော် အလွန်ဒေါသဖြစ်လေရာဓမ္မာရံကြီး ကို ထီးတော်မတင်ဘဲ အမတ်ကို အရှာလွှတ်ခိုင်းလေသည်။

ထိုနေ့ မှ စ၍မင်းကြီးသည် ပိုပြီးဒေါသကြီးလာလေသည်။ တနေ့ ကုလားမင်းသမီးတပါး သည် နရသူကို အခစားဝင်ရလေသည်။ ထို့သို့ ၀င်နေရင်း နရသူ ရေအိမ်ဝင်သော် သန့်သက်ရေ မယူသည်ကို မင်းသမီးတွေ့ သော် ဘုရင်က ခေါ်သည်ကို ရွှံသောအားဖြင့် အနားမကပ်ဘဲနေရာ မင်းကြီးက သန်လျက်ဖြင့် ထိုနေရာ တွင် ခုတ်သတ်လေသည်။ ထိုသတင်းကို ကုလားမင်းသမီး၏ ခမည်းတော်ကြားသော် ကုလားသူရဲကောင်း ရှစ်ယောက်ရွှေးလျက် “ အမောင်တို့ ငါ့သမီးတော်ကို သတ်သောမင်းရှိရာ သို့သွားပြီး ထိုမင်းကို သတ်ချေ။ ထိုမင်း သေလျှင် သင်တို့ကိုယ်တိုင်လည်း လက်နက်ဖြင့် ထိုး၍ သတ်စေ။ သင်တို့ သား၊မယား များ သုံးစွဲ လို့ မကုန်နိုင်သော ရွှေငွေကို ငါပေးတော်မူမည်” ဟု မိန့်သဖြင့် ကုလားသူရဲလည်း သတ်မည် ဟု ၀န်ခံပြီး ပုဂံနေပြည်တော်သို့ ချဉ်းကပ်လေသည်။ နေပြည်တော်သို့ ရောက်သော် မင်းကြီးအား ခရုသင်းဖြင့် မင်္ဂလာ ခံစေရန်လျှောက်လေသော် မင်းကြီးက ယုံသဖြင့် မင်္ဂလာခံယူနေစဉ် ကုလားတို့လည်း အသင့်ဆောင်ထား သော ဓားငယ်တို့ဖြင့် မင်းကြီးကို ထိုးသတ်လေသည်။ ထို့နောက် မိမိတို့ကိုယ်တိုင်လည်း ထိုနေရာတွင် သတ်၍သေလေသည်။ ထို့မှ နရသူ ခေါ် ကုလားကျမင်းလို့ အမည်ထွင်လေသည်။ မင်းမှူးမတ်တို့လည်း အလွန်အံ့သြဖွယ်တို့ကို တွေ့ရသော်လည်း နရသူ ၏ ရက်စက် မူ့ကြောင့် ဆေးမကုဘဲ ထားသော် နရသူ နတ်ရွာစံလေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။