ဟံသာဝတီမှ ရခိုင်မြို့များကို ပြန်လည် သိမ်းယူခြင်း

အေဒီ ၁၄၁၁ တွင် မွန်ဟံသာဝတီမှ အင်းဝတို့ သိမ်းယူထားသော ရခိုင်ပြည်ကို ပြန်လည် သိမ်းယူရန် စစ်ပြင်ဆင်လေ၏။ စစ်တပ်အင်အား ၅ သောင်းခန့်ဖြင့် သံတွဲသို့ ချီတက်လာသည်။ သံတွဲစားလည်း မြို့ကို ပြင်ဆင်ပြီး ခုခံလေသည်။ အင်းဝ သို့လည်း စာပို့ပြီး အကြောင်းကြားလေသည်။ ၂ လကြာသော် သံတွဲစားမှ မွန်တို့ တိုက်ခိုက်ဒဏ်ကို မခံနိုင်သဖြင့် မြို့ကို လက်လွတ်လေသည်။

ဟံသာဝတီတပ်တို့ သံတွဲကို ပြန်လည် အခိုင်အမာပြုပြီး နေနေလေသည်။ ထိုနောက် အင်းဝတပ် မှ ချီတက်လာပြီး သံတွဲမြို့ကို ထပ်မံ တိုက်ခိုက်လေပြန်၏။ မြို့ကို အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း မရသဖြင့် အင်းဝ တပ်များ မြို့ကို ၀ိုင်းရံလေ၏။

သုံးလခန့် ၀န်းရံထားလျှင် မြို့သူမြို့သား တို့ အစာရေဆာ ပြတ်သဖြင့် ငတ်နေကြလေသည်။ မွန်စစ်သည် တို့လည်း ငတ်မွတ်ကုန်လေသည်။ ထိုအခါ မွန်စစ်သူကြီး သမိန်ဗြပိုက်မှ စစ်ပရိယာယ် သုံးလေသည်။ အကြံမှာ ရာဇာဓိရာဇ်မှ စစ်ကူချီတက်လာမည် စာကို လာပို့ဆောင်သည့် အတိုင်း လူ ၅ ယောက်ကို စေလေသည်။ စစ်သည် ၅ ယောက်လည်း အင်းဝတပ်သားတို့ အလစ်တွင် မြို့မှ ထွက်ပြီး ဟံသာဝတီမှ တိတ်တဆိတ် လာဟန် ပြုရာ တောစပ်တွင် ကင်းလှည့်နေသော အင်းဝတပ်သား တို့ တွေ့ ပြီး ဖမ်းကာ မင်းရဲကျော်စွာထံ ဆက်သလေသည်။

ထိုအခါ မင်းရဲကျော်စွာမှ ထိုမွန်စစ်သည်ထံရသော စာကိုဖတ်ပြီး နောက် ဗိုလ်မှူးတို့နှင့် တိုင်ပင်လေ၏။ ဗိုလ်မှူးတို့မှ ရာဇာဓိရာဇ်ချီတက်လာလျှင် နှစ်ဖက် ညုပ်သလိုဖြစ်လိမ့်မည်။ ကြာသော် တပ်ခံနိုင်လိမ့် မည် မဟုတ်ဟု တိုင်ပင်ကြပြီး တပ်ကို ဆုတ်ရန် အမိန့်ပေးလေသည်။ အင်းဝတပ်တို့ ဆုတ်ပြီး နေပြည်တော် ရောက်ပြီဟု သတင်းကြားလျှင် မွန်စစ်သည်တို့လည်း ကျန်ရှိနေသော ရခိုင်မြို့များကို လုပ်ကြံလေသည်။ အင်းဝမှ စစ်ကူမလာသဖြင့် ရခိုင်မြို့အားလုံး ဟံသာဝတီလက်အောက် သို့ ထပ်မံကျရောက်ပြန်လေ၏။

Share:

မင်းရဲကျော်စွာ ၏ ပထမဆုံး စစ်ပွဲ

ဖခင်ဘုရင်ထံမှ ခွင်ပြုချက်ရပြီးနောက် အသက် ၂၀ သာ ရှိသေးသောမင်းရဲကျော်စွာ သည် စစ်တပ်အင်အား ၁ သိန်းနီးပါးရှိသော အင်းဝတပ်အားလုံး၏ စစ်သေနာပတိချုပ် ဖြစ်လာခဲ့လေသည်။ မင်းရဲကျော်စွာမှာ တခြား မင်းသားများကဲ့သို့ နန်းတော်တွင် ဇိမ်ဖြင့် နေလိုသော စိတ်မရှိ၊ စစ်တိုက်ခိုက်ရေး တွင်သာ အားသန်သော မင်းသားဖြစ်လေသည်။ သို့ကြောင့် အင်းဝအင်ပါယာ လက်နက်နိုင်ငံအဖြစ် တည်ထောင်လိုသော ဘုရင်မင်းခေါင်အတွက် အလွန် အရေးပါသော အရေးအပေးခံရဆုံးသော မင်းသား တစ်ပါး ဖြစ်လာလေသည်။

Share:

ဟံသာဝတီသို့ မင်းခေါင် စစ်ထပ်မံ ချီခြင်း

ဟံသာဝတီစစ်ပွဲကို မအောင်မြင်ခဲ့သော ဘုရင်မင်းခေါင်သည် သက္ကရာဇ် (၇၇၁) အေဒီ ၁၄၀၉ တွင် သားတော် သီဟသူကို စစ်ကိုင်းမြို့ကို ပေးသနားသည်။ အထိန်းတော် ငခင်ညိုကိုလည်း တောင်ငူမြို့ကို ပေး သနားတော်မူသည်။ ( အထိန်းတော် ငခင်ညိုမှာ ဟံသာဝတီမှ တပ်ခွာစဉ်က လကွန်းအိန်ကို ထူးထူးချွန်ချွန် တိုက်ခိုက်ခုခံသောကြောင့် အထိန်းတော်ဘ၀မှ နယ်စားမင်း ဘ၀ သို့ ရောက်သွားခြင်းဖြစ်သည်)။ ထိုသို့ စစ်ရူံးသော်လည်း မင်းခေါင်သည် လက်မလျော့သေး ဟံသာဝတီကို သိမ်းရန် စိတ်ပြင်းပြနေသေးသည်။ ထို့ကြောင့် လွှတ်တော် အစည်းအဝေးတိုင်း စစ်မည်သို့ တိုက်မည်ကိုသာ ဆွေးနွေးလေသည်။

ရမည်းသင်းစားလည်း စစ်တိုက်ဖို့အရေးကို ထောက်ခံလေသည်။ ကျန်အမတ်များမှာမူ မောရှမ်းမင်းများ ( သျှမ်း စော်ဘွားများ) ကို စစ်ကူလွှတ်ရန် စည်းရုံးနိုင်လျှင် အင်အားပိုတောင့်တင်းမည်ဟု လျှောက်တင်ကြ
ပြန်သည်။ ( ထိုစဉ်က အင်းဝမှာ မိုးညှင်း၊မိုးကောင်း၊စသည့် ယခုကချင်ပြည်နယ်တစ်ဝိုက် နှင့် သီပေါ တစ်ဝိုက် ကို အစိုးရသော ရှမ်းစော်ဘွားများနဲ့ သံအရ အဆက်အသွယ်ရှိကြသည်။ )  ဘုရင်မင်းခေါင်လည်း ရှမ်းစော်ဘွားများကို သံများစေလွှတ်ပြီး စစ်ကူလွှတ်ရန် တောင်းရာ ရှမ်းဘက်မှ ကြည်ကြည်ဖြူဖြူ စစ်ကူ လွှတ်သဖြင့် ရှမ်းများနှင့် စစ်မဖြစ်လိုက်ရဘဲ အင်အားပိုမို တောင့်တင်းလာလေသည်။

ထိုနောက် ဘုရင်မင်းခေါင်သည် ၁၇ နှစ်သာ ရှိသေးသည့် သားငယ် မင်းရဲကျော်စွာကို အင်းဝမြို့ကို စောင့်
စေပြီး သားတော် သီဟသူ နှင့် စစ်သူကြီးများဖြင့် ဟံသာဝတီသို့ စုန်ဆင်း စစ်ပြုရန် စီစဉ်လေသည်။ သားတော် သီဟသူကို ရိက္ခာ တပ်ကို ကြီးကြပ်စေပြီး ယခင် စစ်ချီရာတွင် ပြုခဲ့သည့် အမှားများကို နောက် ထပ် မပြုမိအောင် စီရင် ဆောင်ရွက်ပြီး ဟံသာဝတီသို့ ချီတက်လလေ၏။

ဟံသာဝတီပိုင်နယ်သို့ ရောက်လျှင် ရာဇာဓိရာဇ်လည်း ဆီးကြိုတိုက်ခိုက်လေ၏။ မင်းနှစ်ပါး စီးချင်းထိုးရာ မင်းခေါင်၏ ဆင်မှာ အားမတန်သဖြင့် နောက်ဆုတ်လေရာ ရာဇာဓိရာဇ်မှ လိုက်လေသည်။ ထိုစဉ် အုန်းဘောင်စော်ဘွား သိုကြောင်ဘွား(ရှမ်း) မှ မြင်သဖြင့် မိမိဆင်ဖြင့် ချွန်းဖွင့်ကာ ရာဇာဓိရာဇ်ဖြင့် စီးချင်း ထိုးလေသည်။ ရာဇာဓိရာဇ်လည်း အားမတန်သောကြောင့် ဆုတ်လေသည်။ ဟံသာဝတီဘက်မှလည်း မိမိ တို့ ဘုရင် ဆုတ်သည်မြင်သဖြင့် ဆင်အများဖြင့် ၀င်တိုက်လေရာ အလုံးအလုံး အထွေးထွေး ဖြစ်ကုန်လေ သည်။ အင်းဝဘက်မှလည်း အမြောက်၊ စိန်ပြောင်းများဖြင့် အဆက်အပြတ် ပစ်ခတ်လေရာ ဟံသာဝတီ တပ်များ ဆုတ်ပြီး ခံတပ်ဆောက်ပြီး ခံစစ်အဖြစ် တည်နေလေသည်။ ဘုရင်မင်းခေါင်လည်း ဟံသာဝတီတွင် ငါးလ လောက်နေပြီး မိုးကျခါနီးသဖြင့် အင်းဝ သို့ ပြန်လေသည်။

နေပြည်တော်ပြန်ရောက်သော် သားတော်မင်းရဲကျော်စွာမှ ခမည်းတော်ကို နားတော်လျှောက်လေသည်။ ခမည်းတော် စစ် နှစ်ကြိမ်ချီရာတွင် အရူံးနှင့်သာ ရင်ဆိုင်ရသည်။ သို့ကြောင့် မိမိကိုယ် တိုင် စစ်ကို စီရင်ပြီး ချီတက်မည်ဟု ရဲဝင့်စွာ လျှောက်တင်လေရာ အင်းဝနန်းတော် တခုလုံး လန့်ရလေသည်။ ပုံမှန်ဆိုလျှင် သားတော် မှ ခမည်းတော်ကို ထိုသို့ လျှောက်လျှင် ရာဇ အမျက်သင့်ပြီး ထောင်ကျနိုင်လေသည်။ သို့သော် မင်းခေါင်မှာမူ သားတော်လျှောက်တင်ပုံကို သဘောကျပြီး လုပ်စေ ဟု ခွင့်ပြုလေသည်။

သို့ဖြင့် အသက်ငယ်ငယ်လေးသာ ရှိသေးသော မင်းရဲကျော်စွာမှာ စစ်သေနာပတိဖြစ်လာလေတော့ သည်။
Share:

ဘုရင်မင်းခေါင် ဟံသာဝတီမှ တပ်ကို ခွာခြင်း

အင်းဝတို့တပ်စခန်းချရာနေရာကို ဖောက်ဝင်ပြီး ဟံသာဝတီဘက်မှ လုပ်ကြံသူတွေ စေလွှတ်ခြင်း ကြောင့် ဘုရင်မင်းခေါင်လည်း ညမအိပ်နိုင်ဖြစ်ပြီး နံနက်မိုးသောက်သော် ရွှေကွမ်းခွက်တော်နှင့် လက်သုံးတော် ဓား တို့လည်း မရှိတော့သဖြင့် ထိတ်လန့်ပြီး မှူးမတ်တို့နှင့် တိုင်ပင်ကာ တပ်တော်ကို ဆုတ်ရန် ဆုံးဖြတ် လေသည်။

ထိုအခါ ရမည်းသင်းစားမှ ဘုရားကိုယ်တော်ရှေ့တော်က ချီတော်မူ မိမိမှာမူ တပ်ကြီးရှစ်တပ်ဖြင့် နောက်က လိုက်တော်မူမည်ဟု လျှောက်လေသည်။ ဘုရင်မင်းခေါင်လည်း ထိုလျှောက်ထားချက်ကို လက်ခံပြီး လူနာ၊လူဖျား မစွမ်းသူကို အင်းဝနေပြည်တော်သို့ အရင် ချီတက်ခိုင်းလေသည်။ မိမိမှာမူ ဆင်ကို စီးလျက် စစ်တပ်အင်အား ၅ ထောင်ကျော်ဖြင့် အပြင်း အင်းဝသို့ ချီတက်လေသည်။

ထိုအကြောင်းကို ဟံသာဝတီဘက်မှ သူလျို က သတင်းကို အရင်ပို့ထားသဖြင့် ဘုရင်မင်းခေါင်လာမည့် လမ်းတွင် လကွန်းအိန်မှ စောင့်နေလေသည်။ လကွန်းအိန်လည်း အင်းဝတပ်ကို မြင်လျှင် ပုန်းနေရာ တော မှ ထွက်ပြီး တိုက်လေသည်။ သို့သော် အင်းဝဘက်က အပြင်းပြန်ခုခံသဖြင့် လကွန်းအိန် တပ်ပျက်လေသည်။ လကွန်းအိန်လည်း တပ်ဆုတ်လေသည်။ ဟံသာဝတီမှ စစ်ကူ ဥပါကောင်းတပ်များက ရောက်နှင့်ပြီး အင်းဝတပ်နှင့် တိုက်ပြန်လေသည်။ ဘုရင်မင်းခေါင်လည်း စစ်တပ်ကို မဆုတ် ဥပါကောင်းတပ်ကို နိုင်အောင် တိုက်လေသည်။

ဥပါကောင်းတပ် ထပ်ပြီးပျက်ပြီး ဆုတ်ရပြန်၏။ ထိုစဉ် ဘုရင်မင်းခေါင်မှ ဆုတ်သော တပ်ကို လိုက်ပြီး တိုက်မည်ပြုရာ အထိန်းတော်မှ မြင်းဖြင့် မွန်မင်းသည် တောစပ်တွင် စောင့်နေသည်၊ ထပ်မံ ပြီး လိုက်တိုက်လျှင် မွန်မင်းတပ်နှင့် တိုးလိမ့်မည်။ မွန်မင်းစစ်အင်အားမှာ များလှသည် ဟု လျှောက်သဖြင့် ဘုရင်မင်းခေါင်လည်း မလိုက်တော့ဘဲ အင်းဝသို့ အပြင်းဒုန်းစိုင်း ချီတက်လေသည်။

အနောက်တွင် ကျန်ခဲ့သော အင်အား သိန်းကျော်ရှိသော အင်းဝတပ်မှာမူ ဘုရင်တပ်တိုက်ခိုက်ခံရ နေသည် သတင်းမရဘဲ ရှိနေလေသည်။ အတော်အတန်ကြာမှ သတင်းရသဖြင့် အင်းဝတပ်များ အပြင်း ချီတက်လေသည်။ ဘုရင်မင်းခေါင်လည်း ကံကောင်းထောက်မစွာဖြင့် အင်းဝနေပြည်တော်သို့ ပြန်ရောက် လေသည်။
Share:

ဟံသာဝတီသူရဲကောင်း လကွန်းအိန်

ဟံသာဝတီဘက်က အကြံကို အင်းဝဘက်က ရိပ်မိသွားပြီး ဘုရင်မင်းခေါင်လည်း တပ်ချရာစခန်းသို့ ပြန်သွားလေသည်။ ထိုအခါ ဟံသာဝတီရှေ့တော်ပြေးလည်း ရာဇာဓိရာဇ်ထံ ထိုအကြောင်း ကို လျှောက်တင်လေသည်။ လကွန်းအိန်မှ မိုးညှင်းသတိုးကို စကားဆိုသောကြောင့် အင်းဝ ဘက်က ရိပ်မိသွားကြောင်းပါ လျှောက်တင်လေသည်။

Share:

ဘုရင်မင်းခေါင် စစ်ချီမှားခြင်း

သက္ကရာဇ် ၇၇၀ (အေဒီ ၁၄၀၈ ) တွင် ဘုရင်မင်းခေါင် ဟံသာဝတီသို့စစ်ချီလေသည်။
ခြေလျင်စစ်သား အင်အား နှစ်သိန်း၊ မြင်းတပ် နှစ်သောင်း၊ ဆင်တပ် ရှစ်ရာ တို့ဖြင့် ချီတက်လာလေသည်။ ဘုရင်မင်းခေါင်စစ်ချီပြီဟု ရာဇာဓိရာဇ်ကြားလျှင် ချက်ချင်း စစ်သူကြီးများဖြင့် သကျင်မြို့ထိ ချီတက်ပြီး ခံတပ်မြို့လုပ်ကာ ဘုရင်မင်းခေါင်အလာကို စောင့်နေလေသည်။

Share:

အင်းဝဘုရင်မှ ဟံသာဝတီသို့ စစ်တဖန် ချီခြင်း

သက္ကရာဇ် ၇၆၉ (အေဒီ ၁၄၀၇) တွင် ဟံသာဝတီကို အစိုးရတဲ့ ရာဇာဓိရာဇ်ဟာ ရခိုင်ကို ပြည်ကို စတင် တိုက်ခိုက်လေသည်။ အကြောင်းအရင်းမှာ ဘုရင်မင်းခေါင်က ရခိုင်ကို တိုက်ခိုက်ပြီး ရခိုင်ဘုရင် ထောရာကြီးကို နန်းချကာ သမက်တော် အနော်ရထာမင်းစော ကို နန်းတက်လေသည်။ ထိုအခါ ရခိုင် အိမ်ရှေ့စံမင်းက ဟံသာဝတီထံ ခိုလူံခွင့်တောင်းလေသည်။

Share:

ညီတော် စစ်ကိုင်းစား ပုန်ကုန်ခြင်း

သက္ကရာဇ် ( ၇၆၉ ) AD 1407 ခုနှစ်တွင် အင်းဝနန်းစံ ဘုရင်မင်းခေါင်မှ မိမိ၏သားတော် မင်းရဲကျော်စွာကို စစ်သည်အင်အား ၄ သောင်းနီးပါးကို အုပ်ချုပ်စေပြီး စစ်သူကြီးခန့်အပ်လေ၏။ ထိုအကြောင်းကို စစ်ကိုင်းတွင် စံစားနေသော ဘုရင်မင်းခေါင်ညီတော် စစ်ကိုင်းစား ကြားသော် "ငဆွေ (ဘုရင်မင်းခေါင်ငယ်နာမည်) ကို ငါ သူကောင်းပြု၍သာ သူကောင်းဖြစ်သည် " အစသဖြင့် မင်းရဲကျော်စွာ ကို စစ်သူကြီးခန့်သည်ကို မနာလိုသဘောဖြင့် ဘုရင်မင်းခေါင်ကို ပုတ်ခတ်ပြောဆိုလေသည်။ ထိုအကြောင်းကို ဘုရင်နားတော်ပေါက်ကြားလေပြီး အင်းဝနန်းတော် အမတ်မင်းများကလည်း " သား မရိုသေသော် ကျွန် မရိုသေ၊ ကျွန် မရိုသေသော် အိမ်နီးချင်း မရိုသေ " ဆိုသည်ကို ဥပမာ ပြုပြီး စစ်ကိုင်းစား ကို ဆုံးမရန် လျှောက်တင်ကြလေသည်။

Share:

သမိန်အဲပရဲ ကြောင့် စစ်ပြေငြိမ်းခြင်း

ဘုရင်မင်းခေါင်တွင် သုံ့ပန်းအဖြစ် အဖမ်းခံရသော ဟံသာဝတီစစ်သူကြီး သမိန်အဲပရဲမှ ဂတိအတိုင်း မိမိ သမီးထံ စာပို့လေ၏။ သမီးနှစ်ပါးလည်း ဖခင်ထံမှ စာရသော် အတွင်းတော်သို့ငိုယိုပြီး ၀င်လေ၏။ ထိုအကြောင်း ရာဇာဓိရာဇ်ကြားလျှင် သမိန်ဖြတ်စ ကို ခေါ်ပြီး ရန်သူလက်ထဲတွင် မိမိတို့ စစ်သူကြီး သမိန်အဲပရဲ ရှိသေးသည်ဟု မိန့်လေ၏။

Share:

န၀င်းခံတပ်တိုက်ပွဲ

ဘုရင်မင်းခေါင်လည်း ခြေလျင် ဗိုလ်ပါအပေါင်း တစ်သိန်းကျော်နှင့် တိုက်ဆင်သုံးရာ၊ မြင်းတပ် ခုနစ်ထောင် ဖြင့် ပြည်မြို့သို့ အရောက်ချီတက်လေ၏။ ပြည်သို့ရောက်သော် ရာဇာဓိရာဇ်မှာ န၀င်းခံတပ် တွင် ရှိနေသည်ဟု ကြားသိသဖြင့် န၀င်းခံတပ်သို့ ချီတက်ကာ ထိုးစစ်ဆင်လေသည်။

Share:

အင်းဝ စစ်ကူကို ဟံသာဝတီတပ် ၀င်တိုက်ပုံ

ပြည်မြို့ကို ဟံသာဝတီတပ်တွေ ၀ိုင်းရံထားနေချိန်တွင် ဘုရင်မင်းခေါင်မှာ အင်းဝနေပြည်တော်မှ ရဲမက်အင်အား တစ်သိန်းကျော်ဖြင့် ပြည်မြို့သို့ အပြင်းချီတက်နေချိန်ဖြစ်သည်။ ဘုရင်မင်းခေါင် စစ်ကူလာပြီ ဟု ရာဇာဓိရာဇ် ကြားသော် ဟံသာဝတီစစ်သူကြီးများဖြစ်သော လကွန်းအိန်၊သမိန်ဖြစ်စ၊ သမိန်အ၀နိုင်၊ သမိန်အဲပရဲ၊ သမိန်ပေါကျော်၊ သမိန်ဗြပိုက် စသည့် ထူးချွန်သော စစ်သူကြီးများဖြင့် အင်းဝစစ်ကူကို ဆီးကြို တိုက်ခိုက်စေလေသည်။

Share:

အင်းဝ နှင့် ဟံသာဝတီ စစ်ပွဲ

ရာဇာဓိရာဇ် မြစ်မှ စုန်ဆင်းပြီဟု ဘုရင်မင်းခေါင်ကြားလျှင် အရေးပေါ်ညီလာခံခေါ်ပြီး ဟံသာဝတီဘုရင်ကို တိုက် ရန် မတိုက်ရန် ဆုံးဖြတ်ကြလေသည်။ နန်းတော်ညီလာခံတွင် စစ်တိုက်ဖို့အတွက် အမတ်အများစုက သဘောတူသဖြင့် ဘုရင်မှ မြင်းစစ်သည် ၃ ထောင်ကျော်ကို ဟံသာဝတီတပ်များ ကမ်းစပ်တစ်လျှောက် မကပ် ရန် ကပ်သည်နှင့် တိုက်ရန် အမိန့်တော်ပြန်လေသည်။

Share:

စကြိုသူမြတ်၏ ငြိမ်းချမ်းရေး

ရာဇာဓိရာဇ် ထံသို့ ပင်းယစကြိုသူမြတ် လည်း မေတ္တာစာတခု စေလိုက်လေသည်။ ရာဇာဓိရာဇ်လည်း ငါ ဟံသာဝတီရွှေမြို့တော်မှ ဆန်တက်ခဲ့သည် မည့်သည့် ရဟန်းမှ ငါ့အား လာမတွေ့ကြချေ။ ငါလည်း ရဟန်း ကို ဖူးချင်စမ်းပါဘိ ဟု မေတ္တာစာကို လက်ခံပြီး ဆရာတော်ကို ပင့်ခိုင်းလေသည်။

Share:

ဟံသာဝတီပြည့်ရှင် အင်းဝပိုင်နက်သို့ စစ်ချီတက်ခြင်း

မြန်မာ သက္ကရာဇ် ၇၆၆ ( အေဒီ ၁၄၀၄ ) မှာ ဟံသာဝတီပြည့်ရှင် မွန်ဘုရင် ရာဇာဓိရာဇ်မှ လှေအင်အား သုံးထောင်ကျော်၊ စစ်သည်အင်အား တစ်သိန်းကျော် ဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်  ဆန်တက်လာလေ၏။ ဘုရင်မင်းခေါင်လည်း ဟံသာဝတီစစ်သည်တို့ အင်အားအလုံးအရင်းဖြင့် စစ်ချီလာသည်ဟု ကြားသဖြင့် အင်းဝနေပြည်တော်ကို အခိုင်အမာ စီရင်လေသည်။ နယ်စား၊မြို့စား တို့ကိုလည်း အမိန့်တော်ပို့ပြီး မြို့ကို အခိုင်အမာ ပြုလုပ်စေလေ၏။

Share:

အင်းဝပြည် နှင့် ရခိုင်ပြည် စစ်ပွဲ

ဘုရင်မင်းခေါင် မင်းဖြစ်လျှင် အင်းဝနေပြည်တော် ပိုင်နက်ကို ရန်သူတွေ မတိုက်အောင် စီမံလေသည်။ သက္ကရာဇ် ၇၆၅ (အေဒီ ၁၄၀၃ ) တွင် ရခိုင်ပြည့်ရှင်မင်း၏ စစ်တပ်တွေက အင်းဝပိုင်နက်ဖြစ်သောယောမြို့၊
လောင်းရှည်မြို့ တို့ကို ထိပါးတိုက်ခိုက်လေ၏။

Share:

အင်းဝဘုရင် မင်းခေါင်

မင်းကြီးစွာ၏ သားတော်အကြီး အိမ်ရှေ့မင်းမှ မင်းကြီးစွာ လွန်သော် အင်းဝထီးနန်းကို သိမ်းလေ၏။ သက္ကရာဇ် ၇၆၂ တွင်ဖြစ်သည်။ ထီးနန်းသိမ်းချိန်တွင် မှူးမတ်တို့မှာ အိမ်ရှေ့မင်းကို အလိုသိပ်မရှိကြချေ။ တနေ့ မင်းကြီး တောကစားထွက်လေသည်။ တောကစား ထွက်လေရာ မင်းကြီးမှ မြင်းကို အလိုနှင်သဖြင့် မှူးမတ်တို့နှင့် အဆက်အသွယ်ပြတ်လေသည်။ ထိုနောက် အတန်ကြာမှ မင်းကြီးသည် တောထဲမှ ဘုရင့်တပ် စခန်းချရာသို့ ပြန်လာလေသည်။

Share:

မင်းကြီးစွာ နတ်ရွာစံခြင်း

သက္ကရာဇ် ၇၅၃ တွင် ပြည်မြို့သားတို့က မင်းကြီးစွာထံ သာယာဝတီတွင် ဆင်ဖြူတွေ့သည်ဟု လျှောက် လာကြလေသည်။ မင်းကြီးစွာလည်း ဆင်ဖြူပိုင်လိုသဖြင့် အောက်ပြည်သို့ ဆင်းလေသည်။
သာယာဝတီမှာမူ မွန်တို့၏ နယ်စပ်ဖြစ်လေသည်။ ထိုချိန် မင်းကြီးစွာမှ ဆင်ဖြူရှိမရှိကို စုံစမ်းနေချိန်တွင် ရာဇာဓိရာဇ်မှ ဆင်အားမြင်းအား အလုံးအရင်းဖြင့် ချီတက်လာလေ၏။

Share:

ရာဇာဓိရာဇ် မှ မြောင်းမြမြို့ ကို တိုက်ခိုက်ခြင်း

သက္ကရာဇ်( ၇၅၁ ) ခရစ်နှစ် ၁၃၈၉ မှာ မွန်ဘုရင် ရာဇာဓိရာဇ်သည် မြောင်းမြမြို့ကို စတင်တိုက်ခိုက်
လေသည်။ မြောင်းမြမြို့လည်း ကျပြီး လောက်ဖျားကိုလည်း အရှင်ဖမ်းမိလေသည်။ လောက်ဖျား၏ သား ဗြကွန် နှင့် သမက် ဗြကျင်တို့က စစ်သားတချို့၊ ရွှေငွေရတနာများဖြင့် အင်းဝဘုရင် မင်းကြီးစွာထံ ၀င်ပြီး အသနားခံလေသည်။

Share:

မင်းကြီးစွာ မွန်ပြည်သို့ စစ်ချီတက်ခြင်း

အင်းဝအိမ်ရှေ့မင်းသားပြန်ပြီး နှစ်လခန့်ကြာလျှင် ရာဇာဓိရာဇ်မှ မွန်အမတ်များကို ခေါ်ကာ " အင်းဝပြည်၏ တပ်တို့ကား များလှတယ်၊ မတော်လို့ နှောင်တခါ မင်းကြီးစွာ ကိုယ်တိုင် စစ်ချီလာလျှင် မလွယ်ချေ " ဟူ မိန့်လေသည်။ အမတ်တို့လည်း ငြိမ်းချမ်းစေသောအားဖြင့် လက်ဆောင်များ ဆက်လိုက်သင့်သည် ဟု အကြံပြုကြလေသည်။

Share:

အင်းဝ နှင့် ဟံသာဝတီ စစ်ပွဲ

အင်းဝ အိမ်ရှေ့မင်းသားသည် အသက် ၁၈ နှစ်သာရှိသေးသည်။ သို့သော် ဟံသာဝတီသို့ ဗိုလ်မှူးအဖြစ်နဲ့ စစ်တပ်ကို ဦးဆောင်ကာ စစ်ချီခဲ့လေသည်။ စစ်ချီရင်း ပန်ကျော်မြို့ (ယခု စစ်တောင်းမြို့ အနီးတွင်ရှိ) ကို စစ်ထိုးလေ၏။ ထိုအခါ ပန်ကျော်စား စစ်ရူံးကာ ပန်ကျော်စားလည်း ကွယ်လွန်လေသည်။ ပန်ကျော်ကို ရလျှင် ညီတော် ပြင်စည်မင်းသားကို ကူမည်ဟု ဆိုပြီး ပြင်စည်မင်းသားရှိရာသို့ စစ်ချီတက်ပြန်သည်။

Share:

ရာဇာဓိရာဇ် နန်းတက်ခြင်း နှင့် မင်းကြီးစွာမှ စစ်ချီခြင်း

သက္ကရာဇ် ၇၄၅ တွင် မွန်ပြည် ဟံသာဝတီကို အစိုးရသော ဆင်ဖြူရှင်ဗညားဦးသည် အနိစ္စရောက်သဖြင့် သားတော် ရာဇာဓိရာဇ်မှ ဟံသာဝတီနန်းကို သိမ်းကာ မင်းပြုလေသည်။ ထိုအခါ ပုသိမ်၊မြောင်းမြ၊ အစရှိတဲ့ ၃၂ မြို့ကို သိမ်းကာ လောက်ဖျားမှ မင်းပြုလေသည်။ မုတ္တမ အစရှိတဲ့ မြို့နယ်တစုကိုလည်း ဗြတ္တပ က သိမ်းပြီး ရာဇာဓိရာဇ်ကို ပုန်ကန်လေ၏။

ဟံသာဝတီတွင် ရာဇာဓိရာဇ်နန်းတက်သော် မြောင်းမြစားလောက်ဖျားသည် မင်းကြီးစွာထံ သံစေလိုက် လေသည်။ မြောင်းမြစားလောက်ဖျား စေသည့်သံမှာ မင်းကြီးစွာကို ဟံသာဝတီကို စစ်ချီရန် တိုက်တွန်းခြင်း ဖြစ်ပြီး စစ်နိုင်လျှင် အလိုရှိသမျှသော ရတနာများကို မင်းကြီးစွာကို ယူစေလျက် လောက်ဖျားမှာမူ အခွန်ကို သာ ယူဆောင်မည်ဟု လျှောက်လေသည်။ ထိုပြင်မက ရာဇာဓိရာဇ်မှာ မင်းမြတ်မဟုတ်ဘဲ ဖခင်ကို ပုန်ကန် နေသူဖြစ်ပြီး ဖခင်အနိစ္စရောက်မှ နန်းကို သိမ်းသူ အဖြစ် လျှောက်တင်ထားလေသည်။

မင်းကြီးစွာလည်း အမတ်အပေါင်းနှင့် တိုင်ပင်လေသည်။ အမတ်တို့ကလည်း ရာဇာဓိရာဇ်မှာ မင်းဖြစ်သော် လည်း အကျိုးအကြောင်းကို မင်းကြီးစွာထံ သံစေခြင်းမရှိ ရေရှည်တွင် ယုံကြည်ရမည်မဟုတ်ဟု  လျှောက်တင်ပြီး ဟံသာဝတီကို တိုက်ရန် အကြံပြုကြလေသည်။ ထိုအခါ အသက် ၁၈ နှစ်သာ ရှိသော အိမ်ရှေ့မင်းမှ ရာဇာဓိရာဇ်သည် ယခုအခါ အင်အားနည်းသေးသည် မိမိကိုယ်တိုင် စစ်တပ်ကို ဦးဆောင်လျက် စစ်ချီတိုက်မည်ဟု မင်းကြီးစွာ ထံ လျှောက်တင်ရာ ဘုရင်မှ သားတော် အရည်အချင်းကို သိချင်သဖြင့် ၀ါရင့်သော စစ်သူကြီးများကို ထည့်ကာ စစ်တိုက်ရန် အမိန့်ထုတ်လေသည်။

စစ်အင်အား ၇ သောင်းဖြင့် ဟံသာဝတီသို့ စစ်ချီလေသည်။ ထိုပြင် အိမ်ရှေ့မင်း၏ ညီတော် အသက် ၁၄ နှစ်သာ ရှိသော ပြင်စည်မင်းသား လည်း စစ်ကြောင်းတခုဖြင့် ဟံသာဝတီသို့ စစ်ချီလေသည်။
Share:

ကလေးစား နှင့် မိုးညှင်းစား အရေးအခင်း

အေဒီ ၁၃၇၀ တွင် ကလေး နှင့် မိုးညှင်းတို့ တိုက်ကြလေသည်။ ထိုတွင် ကလေးကလည်း သူကို့ ကူလျှင် မိုးညှင်းကို ပေးမည်။ မိုးညှင်းကလည်း သူ့ကို ကူလျှင် ကလေးကို ပေးမည်စသဖြင့် မင်းကြီးစွာထံ စစ်ကူ တောင်းလေ၏။

မင်းကြီးစွာလည်း အမတ်စည်းတပစ် ကို ခေါ်ကာ တိုင်ပင်လေသည်။ စည်းတပစ်လည်း " မင်းကြီး အလျင်မလို ပါနှင့် သည်အရေးသည် ဘီလူးတိုင်လု အရေးကဲ့သို့ အလျင်မလိုသင့်၊ အနှေးပြုကောင်း၏။ အဘယ်ကြောင့်ဆိုသော် ထိုပြည်ထောင်နှစ်ခုကို သူတို့သာ တိုက်စေလိမ့်မည်။ ကြက်နှစ်ကောင် ခွပ်ပြီး ပင်ပန်းမှ လယ်သမား စားသကဲ့သို့။ ထိုပြည်ထောင်နှစ်ခု စစ်တိုက်လျက် ပင်ပန်းလျှင် မင်းကြီးမှာ ပြည်ထောင် နှစ်ခုကို အလျင်တကူ သိမ်းနိုင်ပါသည်။ ” ဟု လျှောက်ရာ မင်းကြီးစွာလည်း သဘောကျသဖြင့်  စည်းတပစ် လျှောက်သည့်အတိုင်း စစ်ကူကို ဖြည်းဖြည်းသာ ချီတက်သွားလေသည်။

စစ်မြေပြင်တွင် နှစ်ပြည်ထောင်သော စစ်တပ်မှာ စစ်ကြောင့် ပင်ပန်းနေသဖြင့် မင်းကြီးစွာသည် နှစ်ပြည်ထောင် စစ်တပ်ကို အလွယ်တကူ သိမ်းပိုက်လေသည်။ ထိုသို့ဖြင့် မိုးညှင်း နှင့် ကလေးတို့မှာ မင်းကြီး စွာလက်အောက် ရောက်ရလေသည်။
Share:

အသိပေးခြင်း

စာဖတ်သူများခင်ဗျား။ ကျနော် မြန်မာပြည်ကို ၁ လလောက်ပြန်မှာ ဖြစ်သောကြောင့် ပိုစ်အသစ်တွေ သိပ်မတင်နိုင်သေးပါခင်ဗျား။ကျနော် မြန်မာ့သမိုင်းကို သီပေါမင်းနဲ့ နောက်ဆက်တွဲအထိရေးဖို့ စိစဉ်ထားပါတယ်။ ကြိုးစားပြီးလည်း ရေးသွားပါမည်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
Share:

မင်းကြီးစွာ မွန်မြန်မာ ချစ်ကြည်ရေးပြုခြင်း

သတိုးမင်းဖျား အနိစ္စရောက်လျှင် မှူးမတ်တို့သည် ရမည်းသင်းစား သီလ၀၏ ယောက်ဖတော်ကို နန်းတင်ကြလေသည်။ သီလ၀မှ နန်းမလိုချင်သဖြင့် သူ့ကို နန်းတင်ခြင်းဖြစ်သည်။သီလ၀ ယောက်ဖတော် မှာ နောက်တွင် မင်းကြီးစွာဟူသော အမည်ဖြင့် နန်းတက်လေသည်။

သက္ကရာဇ် (၇၃၀) တွင် မိတ္တိလာဆည်ပေါက်သဖြင့် မင်းကြီးစွာကိုယ်တိုင်ကြွပြီး ကန်ကို ဆည်တော်မူလေသည်။ ဆည်သည့်အချိန်တွင် မြေကိုတူးရာ ရွှေရုပ်မင်းသမီးကို တွေ့လေသဖြင့် အကြောင်း ရင်းကို သိရန် မေးမြန်းရာ ၀န်းစင်းသူကြီးမှ မသိပါ၊ သို့သော် ရွာတွင် အကြားအမြင်များသော သူတစ်ယောက် ရှိသည် ထိုသူကို မေးလျှင်သိနိုင်သည် ဟု လျှောက်သဖြင့် မင်းကြီးမှ ထိုသူကို ခေါ်စေလေသည်။

ဝန်းစင်းသားလည်း မင်းကြီးကို အရုပ်အကြောင်းလျှောက်လေသည်။ အကြောင်းမှာ အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်စဉ် စော်ဘွား၊ဘုရင်တို့က အလောင်းစည်သူကို မင်းသမီး ဆက်သလိုက်လေသည်။ဤအရပ်သို့  ရောက်သော် မင်းသမီးကံကုန်သဖြင့် မင်းကြီးမှ ရွှေရုပ်ထုလုပ်စေပြီး ကမ္ပည်းနဲ့ ထားခဲ့ကြောင်း လျှောက်ထားရာ မင်းကြီးမှ ဆက်လက်တူးစေသဖြင့် ကမ္ပည်းကိုတွေ့ရာ များစွာသဘောကျပြီး ၀န်းစင်းသားကို အင်းဝသို့ခေါ်ဆောင်သွားလေသည်။

မင်းကြီးစွာ အင်းဝတွင် မင်းပြုနေစဉ် ဟံသာဝတီတွင်မင်းပြုနေသော ဗညားဦးမှ သံတမန်လွှတ်ပြီး မင်းကြီးစွာနဲ့ ချစ်ကြည်ရေးပြုရန် အကြောင်းဆိုလေသည်။ မင်းကြီးစွာလည်း သဘောကျသဖြင့် မွန်မြန်မာ နယ်စပ်တွင် စစ်တပ်များဖြင့် ချိန်းလေသည်။ ချိန်းသည့်နေ့တွင် မင်းနှစ်ပါး တွေ့ဆုံကြပြီး လက်ဆောင်များ လဲလှယ်ကာ သစ္စာပြုကြပြီး နိုင်ငံတော်အပိုင်းအခြားကို သတ်မှတ်လေသည်။


Share:

အင်းဝမြို့တည် သတိုးမင်းဖျား

ငါးစီးရှင်ကျော်စွာ နတ်ရွာစံပြီးနောက် နန်းစံသောမင်းများမှာ
ကျော်စွာမင်း
ညီတော်နရသူ
နောင်တော် ဥဇနာ
တို့ဖြစ်လေသည်။

ပင်းယနောက်ဆုံးမင်းဆက်မှာ ဥဇနာပြောင်ဖြစ်ပြီး အမတ်တို့က နန်းချသဖြင့် နန်းကျလေသည်။ ထိုချိန် မောရှမ်းတို့ တိုက်ခတ်သဖြင့် စစ်ကိုင်းလည်း ပျက်လေသည်။ ပင်းယတွင်မူ သတိုးမင်းဖျားနန်းတက် လေသည်။

Share:

ငါးစီးရှင်ကျော်စွာ

ခမည်းတော်နတ်ရွာစံပြီးနောက် ကျော်စွာသည် ပင်လယ်မြို့တွင် နန်းတက်လေသည်။ နန်းတက်ပြီး မကြာမီ ဆင်ဖြူ ငါးစီးရလေသည်။ ထိုအကြောင်းကို နောင်တော်ကြားသော် ညီတော်ကို နန်းအပ်ပြီး မိမိမှာမူ တောထွက်လေသည်။ နောင်တော်ဥဇနာမင်းသည် သက်တော် ၄၂ တွင် နန်းဆင်းလေသည်။

Share:

တစ်စီးရှင် သီဟသူ

တရုတ်သို့ပြန်လေသော် ရှမ်းညီနောင်သုံးပါးအနက် နောင်တော် ရာဇသင်္ကြသည် သက္ကရာဇ် ၆၆၆ တွင် မြင်စိုင်းတွင် ရွှေနန်းတည်လေသည်။ ညီတော်အလတ် အသင်္ခယာကား မက္ခရာမြို့တွင် နန်းတည်လေသည်။ ညီတော်အငယ် သီဟသူကား ပင်လယ်မြို့တွင် နန်းတည်လေသည်။

Share:

ရှမ်းညီနောင် သုံးဦး

ရှမ်းညီနောင်သုံးဦး သမိုင်းက တခါက ဘိန္နကမြို့ကို အစိုးရသော စော်ဘွားကြီးမှာ သားတော် ၂ ပါးရှိပါတယ်။ စော်ဘွားကြီးလွန်သော် သားတော်ကြီးက နန်းတက်ရာ ညီတော်ကို ဖမ်းမယ်ပြုရာ ညီတော်က ထွက်ပြေးပြီး မြင်စိုင်းဒေသသို့ ရောက်ပြီး၊ မြင်စိုင်းသူ နဲ့ လက်ဆက်လေရာ ရာဇသင်္ကြ၊အသင်္ခယာ၊သီဟသူ ဆိုပြီး သား ၃ ဦး မွေးလေသည်။
Share:

ကျော်စွာမင်းဖြစ်ခြင်း

ပြည်စားသီဟသူ ခမည်းတော်နရသီဟပတေ့မင်းကြီးကို လုပ်ကြံသည်ကို နောင်တော်ဥဇနာကြားသော် စိတ်မကောင်းဖြစ်ပြီး ကိုယ်တိုင်ကလည်း နေမကောင်းသဖြင့် ပုသိမ်သို့ရှောင်ပြီးနေလေသည်။ ပြည်စားသီဟသူလည်း နောင်တော်ရှိရာအိမ်တော်သို့တက်ပြီး နေမကောင်းဖြစ်နေသော နောင်တော်ကို ထပ်လုပ်ကြံပြန်သည်။ နောင်တော်၏ သားမြေး၊ကျွန်အမှူးအမတ်တို့ကိုလည်း သုတ်သင်လေသည်။

Share:

အသိပေးခြင်း

စာဖတ်သူများခင်ဗျား။ ကျနော်ကျောင်းမှာ စာမေးပွဲရှိနေလို့ ပိုစ်အသစ်ကို ၁ ပတ်ကျော်လောက် တင်နိုင်သေးမည် မဟုတ်သေးပါသဖြင့် စိတ်အနှောက်အယှက်ဖြစ်စေခဲ့သော် တောင်းပန်ပါတယ်ခင်ဗျား။
Share:

နရသီဟပတေ့ အပိုင်း(၂) မွန်ဂိုဖြင့် စစ်ဖြစ်ခြင်း

တနေ့တွင် နရသီဟပတေ့ထံ တရုတ်ပြည်က မွန်ဂိုသံအမတ်တွေ ရောက်ရှိလာလေသည်။ သံအမတ်တွေကား နရသီဟပတေ့ကို ခပ်ရိုင်းရိုင်းဆက်ဆံလေသည်။ နရသီဟပတေ့လည်း ဒေါသထွက်သဖြင့် သံအမတ်အားလုံးကို ခေါင်းဖြတ်စေလေသည်။ ထိုသတင်းကို မွန်ဂိုတို့ကြားလျှင် စစ်တပ်ဖြင့် ပုဂံပြည်ကို လွှတ်လေသည်။ နရသီဟပတေ့လည်း မြို့ကို ခိုင်အောင်ပြုလုပ်လိုသဖြင့် အုတ်ကို လျင်မြန်စွာ လိုအပ်သဖြင့် ဘုရားပုထိုးတော်များကို ဖျက်ကာ မြို့ရိုးကို အခိုင်အမာတည်လေသည်။ သို့သော်လည်း အမတ်တို့၏ တိုက်တွန်းချက်ကြောင့် စစ်သူကြီး အနန္တပစ္စည်းကို လွှတ်ကာ တရုတ်မွန်ဂိုတို့ကို ဆီးကြိုတိုက်ခိုက်စေလေသည်။

Share:

နရသီဟပတေ့မင်း အပိုင်း(၁)

နရသီဟပတေ့မင်းသည် အမတ်ကြီးရာဇသင်္ကြ ကောင်းမူကြောင့် မင်းဖြစ်လာသူဖြစ်သည်။ တနေ့ ဥဇနာမင်းကြီး လွန်သော် သားတော်ကြီးဖြစ်သော သီဟသူသည် နန်းလျာဖြစ်ရာ နန်းတက်ရာတွင် အမတ်ကြီးရာဇသင်္ကြမှ နန်းတွင်း အမတ်များကို စည်းရုံးပြီး သီဟသူသည် ဒေါသကြီးသူဖြစ်သည်၊ တရားစောင့်သူမဟုတ်ဟု စသဖြင့် သိမ်းသွင်းသဖြင့် အမတ်များလည်း ရာဇသင်္ကြနှင့် တစိတ်ဝမ်းဖြစ် ကြ့ပီးလျှင် သီဟသူကို နန်းချကာ နရသီဟပတေ့ကို နန်းတင်လေသည်။

Share:

ကျစွာမင်း

သက္ကရာဇ် (၅၈၁) အေဒီ ၁၂၁၉  တွင် ထီးလိုမင်းလို သားတော် ကျစွာမင်း နန်းတက်လေသည်။ ကျစွာမင်းကြီး ကား စာပေတော်သူဖြစ်လေသည်။ ပိဋကတ်သုံးပုံကို ၉  ခေါက်သင်ယူတော်မူသည်။ ပါဠိ၊ အဌကထာ၊ဋီကာကျမ်း တို့ကိုလည်း လေ့လာတတ်မြောက်လေသည်။ တိုင်းရေးပြည်ရေး အမူများကို သားတော် အိမ်ရှေ့မင်းသားအား လွဲထားပြီး မိမိမှာမူ သံဃာတော်တို့ဖြင့်သာ ဘာသာရေးစာပေများကို သင်ယူ မူလေသည်။ ကျစွာမင်းလက်ထက်တွင် အနော်ရထာမင်းက ပြက်ကရွေတောင်ခြေတွင်“ ငါ သည်ပြည်တွင် မင်းပြန်ဖြစ်လျှင် ပေပင်ပေါက်စေ” ဟု အဓိဌာန်ထားခဲ့ရာ ကျစွာမင်းလက်ထက်တွင် ပေပင်ပေါက်လေသည်။ တူးရွင်းတော်ခြေတွင်လည်း ကန်ကြီးဆည်ပြီး ကြာမျိုးငါးပါး ဖြင့် တင့်တယ်လှပ စေလေသည်။ ထိုကန်ဘေးနားတွင် တဲတခုဆောက်ပြီး ပရိယတ္တိသာသနာ တိုးတက်အောင် သံဃာငယ် များကို မိမိကိုယ်တိုင် စာချတော်မူလေသည်။ ပြာသာဒ်ကြီးဘုရားကိုလည်း တည်တော်မူပြီး သက်တော် ၃၅ တွင် ကံကုန်တော်မူလေသည်။
Share:

ထီးလိုမင်းလို

အေဒီ ၁၂၁၁ တွင် ဇေယျသိင်္ခ ခေါ် ထီးလိုမင်းလို နန်းတက်လေသည်။ ခမည်းတော်ဖြစ်သော နရပတိစည်သူသည် အမျှော်အမြင်ကြီးသော မင်းဖြစ်လေ၏။  နရပတိစည်သူ၏ ခမည်းတော် နရသူ နှင့် နရသိင်္ခ တို့၏ နန်းလုပွဲ စိတ်ဝမ်းကွဲမူများကို မြင်တွေ့ရသဖြင့် မိမိလွန်သော် ထိုအဖြစ်ဆိုးမျိုးကို မဖြစ်စေလို သဖြင့် မိမိ နတ်ရွာ မစံမီ နန်းဆက်ခံဖို့ အရေးကို အသေအချာ ပြု ထားလေသည်။

နရပတိစည်သူသည် မိမိ အမတ်များ နှင့် တိုင်ပင်ရာ ရှေးယခင် မြတ်စွာဘုရားလက်ထက်တော်များက တိုင်းပြည်ကို သာယာအောင် ဘုရင်များ ဘယ်လို အုပ်ချူ ပ်သည်ကို မေးမြန်းရာ အမတ်များက လွှတ်တော်ကဲ့သို့သော အတိုင်အပင်ခံများဖြင့် တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချူ ပ်ခဲ့ကြကြောင်း အာဏာကို ညီမျှစွာ ခွဲဝေထားသဖြင့် နန်းလုမူများ ပေါ်ပေါက်လေ့မရှိကြောင်း လျှောက်ထားကြလေ၏။

နရပတိစည်သူလည်း သဘောတော်ကျကာ လွှတ်တော်ကို စတင်အကောင်အထည်ဖော်ခဲ့လေသည်။ ထိုကြောင့် မိမိသားတော် ၅ ပါး ရှိသည့်အနက် အငယ်ဆုံးသားတော် ဇေယျသိင်္ခ ကို ထီးနန်းလွှဲခဲ့လေ၏။ ထိုပြင် သားတော်ကြီးများ ကိုလည်း အရေးပါသော လွှတ်တော်နေရာများတွင် ရာထူးကြီးများ ပေးထားသဖြင့် ဘုရင်တွင် အာဏာအပြည့်အ၀ မရှိဘဲ အားလုံး အတူတကွ စုရုံးကာ အရေးကိစ္စများကို ဆုံးဖြတ်ရသဖြင့် ထီးလိုမင်းလို ခေတ်တွင် ပုဂံပြည်ကြီးသည် သာယာဝပြောခဲ့လေ၏။

သို့သော်လည်း အခွန်တော်ကောက်ခံရေးဘက်တွင် အခက်အခဲ ရှိခဲ့လေသည်။ သာသနာတော်ကို လွန်စွာ သက်ဝင်ယုံကြည်ခဲ့ကြသဖြင့် များစွာသော သဌေးများ၊ သူဆင်းရဲ လယ်သမားများပင် မိမိတို့ပိုင်သော လယ်ယာမြေများကို သာသနာတော် တွက် လှူ ဒါန်းခဲ့ကြသဖြင့် အခွန်တော် ကောက်ခံရာတွင် အခက်အခဲ ရှိခဲ့လေသည်။ ထိုခေတ်က သာသနာတော် အတွက် လှူ ဒါန်းထားသော လယ်ယာမြေများကို အခွန်ကောက်ခွင့် မရှိပေ။

ထီးလိုမင်းလို ဘုရား 
ထီးလိုမင်းလိုသည် တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်သောကြောင့် ပုန်ကန်သူဟူ၍ မရှိပေ။ နေပြည်တော်သည်လည်းလွန်စွာ သာယာဝ ပြောလေသည်။ ခမည်းတော် နရပတိစည်သူ တည်သော ဂေါတော့ပလ္လင် မပြီးသည်ကို ဆက်လက်ပြီး တည်တော်မူလေသည်။ ထိုပြင် ထီးလိုမင်းလို ဘုရားကိုလည်း တည်ထားခဲ့သည်။
တိုင်းပြည်ကို မင်းကျင့်တရား ၁၀ ပါးနှင့် အုပ်ချုပ်ပြီး သက်တော် ၆၀ တွင် အနိစ္စ ရောက်တော်မူလေသည်။
Share:

နရပတိစည်သူ အပိုင်း(၂)

နရပတိစည်သူသည် နောင်တော်မင်းယဉ်နရသိင်္ခကို လုပ်ကြံရာတွင် လွယ်ကူစွာလုပ်ကြံနိုင်သည်ကို သတိထားမိသဖြင့် မိမိလက်ထက်မူကား အစောင့်ကိုယ်ရံတော်တပ်ရင်း တစ်ခုဖွဲ့ပြီး နန်းတွင်း၊နန်းပြင် အစောင့် ထားလေသည်။ အတွင်းကိုယ်ရံတော်၊ အပြင်ကိုယ်ရံတော် စသဖြင့် အမြောက်အမြားထားလေသည်။ ထို မျှမကသေး နန်းတော်အတွင်းရှိ ရွှေ၊ငွေ၊ ဆန်ရေ စပါး အစရှိသည်များကို စာရင်းပြုစုရလေသည်။ နိုင်ငံတော်အ၀န်း ဆက်သလာသော အခွန်မှန်သမျှကို ရေးပြီး ဗိုလ်ရူသဘင်ခံတိုင်း ဖတ်ရူစေလေသည်။

Share:

နရပတိစည်သူ အပိုင်း(၁) မင်းဖြစ်တော်မူခြင်း

နရပတိစည်သူသည် နောင်တော်မင်းယဉ်နရသိင်္ခကို လုပ်ကြံ့ပီးနောက် ပုဂံထီးနန်းကို သိမ်းတော်မူ လေသည်။ ထီးနန်းသမ်းပြီးနောက် ကျွန်ဖြစ်သည့် အောင်စွာငယ်ကို ဂတိအတိုင်း မိမိ၏ မရီးတော်များ ထဲမှ အောင်စွာငယ် ကြိုက်နှစ်သက်သည်ကို ပေးစားမည်ပြုရာ မရီးတော်တို့က ငိုယို တောင်းပန်သဖြင့် အောင်စွာငယ်ကို ခေါ် ပြီး မရီးတော်ကို မယူလေနှင့် နန်းတော်ရှိ ကြိုက်ရာအပျိုတော်ကို ရွေးပါလေ ဟု ဆိုရာတွင် အောင်စွာငယ်မှ ”ထွီ” ဟု ပြုသဖြင့် နရပတိစည်သူမှ အမျက်တော်ရှပြီး ထိုနေရာတွင် လက်သုံးတော်ဓားဖြင့် ကွပ်မျက်လေသည်။

Share:

မင်းယဉ်နရသိင်္ခ

နရသူမင်း နတ်ရွာလွန်သော် သားတော် မင်းယဉ်နရသိင်္ခ မင်းဖြစ်တော်လေသည်။ နန်းတက်တော်မူလျှင် ညီတော်ကို နရပတိစည်သူ ဟူသော အမည်ဖြင့် အိမ်ရှေ့ပေးတော်မူလေသည်။ မင်းယဉ်နရသိင်္ခလက်ထက် တွင် တိုင်းပြည်မှာ သာယာဝပြောလေသည်။ တနေ့သော် မြင်းစိုင်း အရပ်က ရွှေအဆင်းကဲ့သို့ လှပသော သတို့သမီးငယ်တစ်ယောက်ကို မင်းယဉ်နရသိင်္ခထံ ဆက်သလေသည်။ ထိုအခါ ဘုရင်မှ သိပ်သဘောမတွေ့ ဘဲ ထိုသတို့သမီးငယ်ကား နားရွယ်ရှည်ရှည်လေးဖြစ်နေသဖြင့် ဘုရင်မှ ညီတော် နရပတိစည်သူကို ပေးတော် မူလေ၏။

Share:

နရသူ အပိုင်း(၂) ဓမ္မာရံကြီးကို တည်တော်မူခြင်း နှင့် နတ်ရွာစံခြင်း

နရသူမင်းသည် ဒေါသအလွန်တရာကြီးသောမင်းဖြစ်လေသည်။ ဒေါသအလွန်ကြီးသဖြင့် ကိစ္စအသေး လေးကအစ သည်းခံခြင်းမရှိပါ။ တခါ ကိစ္စတခုကြောင့် အလောင်းစည်သူပေးထားသော သတို့သမီး တပါး စိတ်ကောက်၍ သူ့ထံမလာသည်ကို ကွပ်မျက်ပစ်လေသည်။ ဘထွေးတော်များကိုလည်း ကွပ်မျက်လေသည်။ ရဟန်းတော်တချို့ကိုလည်း လူထွက်စေပြီး အမူထမ်းခိုင်းလေသည်။ တိုင်းပြည်လည်း ဆင်းရဲလေသည်။ တနေ့သော် နရသူသည် ဘေးတော်တို့လုပ်ရိုးလုပ်စဉ်အတိုင်း ကုသိုလ်တော်တခု လုပ်ရန် အကြံရလေသည်။ ထို့နောက် မင်းမှူးမတ်တို့ကို ခေါ်ပြီး တိုင်းပြည်အနှံရှိ ပန်းရံဆရာများကို ခေါ်စေလေသည်။

Share:

နရသူမင်း အပိုင်း(၁) မင်းဖြစ်ရန် နောင်တော်ကို သတ်ခြင်း

အလောင်းစည်သူမင်း နတ်ရွာစံပြီးနောက် ပုဂံပြည်ကို သားတော် နရသူက စတင်အုပ်စိုးလေသည်။ သို့သော် အဝေးမှာ နေထိုင်နေသော နောင်တော်မင်းရှင်စောသည် ခမည်းတော်နတ်ရွာစံသည်ဟု ကြားသော် စစ်သူရဲမက်ဖြင့် ပုဂံသို့ ချီတက်လာလေသည်။ ထိုအကြောင်းကို နရသူကြားသော် ယုတ်မာသော အကြံကို ကြံလေသည်။ ထိုခေတ်တွင် ပုဂံပြည်မှာ သီလဂုဏ်တို့ဖြင့် ထင်ရှားကျော်ကြားလျက်ရှိသော ပံ့သကူမဟာထေရ် ဆီကို နရသူက ချဉ်းကပ်ပြီး နားတော်လျှောက်လေသည်။

Share:

အလောင်းစည်သူမင်း

ဘိုးတော်ကျန်စစ်သား နတ်ရွာစံလေသော် မြေးတော် အလောင်းစည်သူ နန်းတက်လေသည်။ မင်းဖြစ်တော် မူပြီး မဟာသမုဒ္ဒရာအရပ်တို့ကို ရူစားချင်သဖြင့် နေပြည်တော်ကို ယုံကြည်ရသော အမတ်များဖြင့်  သေချာစီရင်စေပြီး လှေအများဖြင့် သမုဒ္ဒရာသို့ ဆုန်ဆင်းလေသည်။ ထိုသို့ သုမုဒ္ဒရာသို့ လှည့်ပတ်ရင်း သိန်းခိုကျွန်း(သီရီလင်္ကာ)သို့ရောက်လေသည်။ သိန်းခိုမင်းလည်း လှေစစ်သည်အများဖြင့် ချီတက်လာသော အလောင်းစည်သူကို သမီးတော်ဆက်သလေသည်။ သမီးတော်ကို လက်ခံပြီး အရှေ့တောင်အာရှ အနှံ လည်ပတ်လေသည်။ အလောင်းစည်သူသည် နေပြည်တော်တွင် ကြာရှည်စွာ မနေ တိုင်းပြည်အနှံလှည့်ပတ်နေသဖြင့် တိုင်းပြည်အတွင်း ပုန်ကန်သူများ ပေါ်ပေါက်လာလေသည်။ မွန်ပြည် လည်း သောင်းကျန်းလေသည်။ တနင်္သာရီလည်း ဆက်မြဲအခွန်ကို မဆက်ဘဲနေလေသည်။ အနော်ရထာမင်း အာဏာတည်ခဲ့သော နေရာအနှံတွင် ပုန်ကန်မူဖြစ်လေသည်။ အလောင်းစည်သူလည်း သောင်းကျန်းသော မြို့ရွာများကို စစ်သည်အများဖြင့် ချီတက်ပြီး နှိမ်နှင်းရလေသည်။ ထိုကြောင့် ရဲမက် အများတို့မှာ ပိုပြီး ဆင်းရဲရလေသည်။

Share:

ကျန်စစ်သား အပိုင်း (၅) ရွှေစည်းခုံ နှင့် ပုထိုးတော်များကို တည်ပြီး နတ်ရွာစံတော်မူခြင်း

ကျန်စစ်သားလည်း မင်းကြီးဖြစ်ပြီး ရွှေစည်းခုံဘုရားကို တည်ရန် မေ့မေ့လျော့လျော့ ဖြစ်နေသည်ကို ရှင်အရဟံက တိုက်တွန်းသဖြင့် ကျန်စစ်သားလည်း ဆက်လက်တည်ထားလေသည်။ ၇ လနှင့် ၇ ရက် ပြည့်သော် ရွှေစည်းခုံဘုရား တည်ထားပြီးစီးလေသည်။ တစ်ခါသော် မင်းကြီး နန်းတော်သို့ ရဟန်း ၈ ပါး ကြွလာလေသည်။ မင်းကြီးလည်း ဆွမ်းလုပ်ကျွေးတော်မူပြီးသော် “ အဘယ်အရပ်က ကြွတော်မူလာသနည်း ” ဟု မေးမြန်းလျှောက်ထားလေသည်။ ရဟန်းတို့လည်း“ ဂန္နမာဒနတောင်မှ ကြွလာကြောင်း” မိန့်လေသော် မင်းကြီးလည်း ရဟန္တမှန်းသိသဖြင့် ပိုပြီး သဒ္ဒါပွားများလျက် နန္ဒမူလိုဏ်ဂူကဲ့သို့ သန္တာန်တူစွာ တန်ခိုးဖြင့် ပြတော်မူပါဟု လျှောက်ထားသဖြင့် ရဟန်း တို့လည်း သန္တာန်တူစွာ ဖန်ဆင်းပြလေသည်။ မင်းကြီးလည်း သဒ္ဒါကြီးစွာ ဖြစ်ပြီး နန္ဒမူလိုဏ်ဂူ သန္တာန် အာနန္ဒာဘုရားကို အေဒီ ၁၀၉၀ တွင် တည်တော် မူလေသည်။ ကျန်စစ်သားလည်း ကောင်းမူပုထိုးတော်အများကို တည်ထားကိုးကွယ်တော်မူပြီး သက်တော် ၈၅ တွင် အနိစ္စရောက်တော်မူလေသည်။

Share:

ကျန်စစ်သား အပိုင်း (၄) မြေးတော်အလောင်းစည်သူ နှင့် သားတော်ရာဇကုမာ

ကျန်စစ်မင်းကြီး၏ သမီးတော်ရွှေအိမ်သည် ကိုယ်ဝန်ရှိ၍ နေ့လစေ့၍ မင်းသားလေးမွေးဖွားလေသော် ဦးကင်သတံခါး သည် အလိုလို ပွင့်လေသည်။ အိမ့်ရှင်စည်ကြီး လည်း လူမတီးဘဲ အလိုလိုမြည် လေသည်။ မင်းသားလည်း မွေးဖွားရာက စပြီး နေ့ည မရပ်မနား ငိုကျွေးလေသည်။ အမေလည်း ချော့မရ၊ ဘိုးတော်ကျန်စစ်မင်းလည်း ချော့မရ၊ နောက်ဆုံး ဟူးရားဖြူ၊ဟူးရားညို တို့ကို မေးမြန်းလေသည်။ ဟူးရား တို့လည်း တွက်ချက်မူပြုပြီး “ မြေးတော်သည်ကား တိုင်းပြည်နိုင်ငံ အပိုင်းအခြားကို သိလို၍ငိုသည်” ဟု နားတော်လျှောက်လေသည်။ မင်းကြီးလည်း ရွှေပေလွှာလည်း ရေးစေပြီး ဖတ်စေလေသည်။ မြေးတော် လည်း တိုင်းပြည်အပိုင်းအခြားကို ကြားသော် အငိုတိတ်လေသည်။

Share:

ကျန်စစ်သား အပိုင်း(၃) ကျန်စစ်သားသမီးရွှေအိမ်သည်

ကျန်စစ်သားတွင် မိဖုရားကြီးမှာ မွေးသော သမီးတော် ရွှေအိမ်သည် ရှိသည်။ ထိုသမီးတော်ဟာ ရွှေရုပ်လို ချောမောလှပသည်ဟု သတင်းကြီးပြီး၊ ကျန်စစ်မင်းကြီး ကိုယ်တိုင်လည်း ချစ်လှသဖြင့် တပင်တိုင်နန်း နဲ့ ထားရှိပါတယ်။ ထိုအကြောင်းကို ပဋိက္ကရားမင်း၏သား သတင်းကြားသော် မျက်ရှင်ဖြင့် ငုံပြီး ကောင်းကင်ခရီး ဖြင့် ရွှေအိမ်သည် လက်ခံအောင် ကြိုးစားလေရာ တပင်တိုင်ဖြင့်ပင် နေထိုင်လာခဲ့ ရသော မင်းသမီး အနေဖြင့် ကုလားမင်းသားလေးကို လက်ခံလိုက်မိပြီး သမီးရည်းစားဖြစ်လေသည်။ မင်းသားလည်း နေ့တိုင်း ကောင်းကင်ခရီးဖြင့် မင်းသမီးလာပြီး တွေ့လေသည်။ သို့သော် ထိုအကြောင်းကို ခမည်းတော် ကျန်စစ်မင်းချက်ချင်း ကြားလေသည်။ ကြားသော် အမတ်များဖြင့် တိုင်ပင်လေသည်။

ကျန်စစ်မင်း-“ အမတ်တို့ ငါ့သမီးတော်ကို ပဋိက္ကရားမင်း၏သားဖြင့် စုံဖက်ရသော် သင့်မည်လော”
အမတ်-“ မှန်လှပါ မင်းကြီး၊ အရှင့်သမီးတော်ကို ပဋိက္ကရားမင်း၏သားဖြင့် စုံဖက်သော် တိုင်းပြည်သည် ကြာရှည်ရင် ကုလားပြည် ဖြစ်သွားပါလိမ့်မည်”
ကျန်စစ်မင်း-“ ဒါဖြင့်ရင် ငါ့သမီးကို ငါ့အရှင်မြေးတော်ဖြစ်သော စောယွမ်းနှင့်လက်ဆက်ရင် သင့်မည်လော”
အမတ်-“ စောယွမ်းကား ခြေမစွမ်းနိုင်ပါ၊ သို့သော် ကုလားပြည်နဲ့ စစ်မက်မဖြစ်စေသော အလို့ငှာ ကုလားမင်းသားဖြင့် လက်မဆက်ခင် စောယွမ်းနှင့် အရင် လက်ဆက်ပါက အသင့်ဆုံးပါ ဘုရား။”

ဟုဆိုသဖြင့် ကျန်စစ်မင်းလည်း သမီးတော်ကို စောယွမ်းဖြင့် အလျင်အမြန် လက်ဆက်စေလေသည်။ ထိုသတင်းကို ပဋိက္ကရားမင်းသားကြားလေသော် မိမိကိုယ်ကို အနိစ္စဖြစ်အောင် စီရင်လေသည်။
Share:

ကျန်စစ်သား အပိုင်း (၂) မင်းဖြစ်ခြင်း

ပုဂံနေပြည်တော်တွင် ရှိနေသော ကျန်စစ်သားမှာ အရှင်စောလူမင်း အဖမ်းခံရပြီ သတင်းကို ကြားသော် နေပြည်တော်ကို အခိုင်အခံဖြစ်အောင် စီရင်စေပြီး အမတ်တို့က ထီးနန်းအပ်သည်ကို “ ငါ့သခင် အရှင်သား ရှိလျက်နဲ့ လက်မခံနိုင် အရှင်ကို ကယ်နိုင်အောင် ကြိုးစားအုံးမည်” ဟု ဆိုကာ စောလူးမင်းကို ဖမ်းဆီးထားရာ နေရာကို သိအောင် ကြိုးစားလေသည်။ သိသော် ငရမန်၏ တပ်စခန်းကို တိတ်တဆိတ် ၀င်၍ စောလူးမင်းကို ခိုးလေသည်။ ထိုအခါ စောလူးက ကျန်စစ်သားကို မယုံကြည်ဘဲ၊ ကျန်စစ်သားက ငါ့ကို ခိုးသည်ဟု အော်မိလိုက်လေသည်။ ငရမန်၏ ရဲမက်တို့လည်း သိလျှင် ချက်ခြင်း ၀ိုင်းဖမ်းလေသော်၊ ကျန်စစ်သားက “ မင်းဆိုးမင်းညစ်... ရန်သူလက်တွင် ခွေးသေ၊၀က်သေ၊သေရစ်လော” ဟု ပြောဆိုပြီး စောလူးကို ထားကာ ရန်သူလက်မှ လွှတ်အောင် ထွက်ပြေးလေသည်။

ကျန်စစ်သားလည်း နေပြည်တော်ကို မပြန် ထီးလိုင်အရပ်မှာ စစ်တပ်၊အင်အား စုပြီး ပုန်ကုန်သူ ငရမန်ကို
နှိမ်နှင်းရန် စီစဉ်လေသည်။ ငရမန်လည်း ကျန်စစ်သား စစ်သည်စုဆောင်းနေသည်ဟု သတင်းရသဖြင့် ကျန်စစ်သားရှိရာသို့ ချည်းကပ်ပြီး အပြင်းအထန် တိုက်လေသည်။ ကျန်စစ်သား၏ တပ်များလည်း အပြင်းအထန် ခုခံတိုက်ခိုက်လေရာ ငရမန်၏ တပ်ပျက်လေသည်။ တပ်ပျက်သော် ငရမန်က ဖောင်ဖြင့် စုန်ပြေးလေသည်။ စုန်ပြေးရင်း ကျန်စစ်သား၏ ရဲမက်မှ ချောင်းပစ်သော မြှားကြောင့် မျက်လုံးမှန်ပြီး ကွယ်လွန်လေသည်။ ငရမန်ကို နိုင်ပြီးသော် နေပြည်တော်ကို ပြန်လာရာ မှူးမတ်တို့က ကျန်စစ်သားကို ထီးနန်းတင်၍ မင်းအဖြစ်တင်မြှောက်လေသည်။
Share:

ကျန်စစ်သား အပိုင်း (၁) စောလူးမင်း အဖမ်းခံရခြင်း

ကျန်စစ်သားဟာ အနော်ရထာမင်းအမျက်တော်သင့်သည်မှ စ၍ ရှောင်နေရာမှ သားတော်စောလူးမင်း နန်းတော်သော် ကျန်စစ်သားကို အမတ်တို့၏ တိုက်တွန်းချက်ဖြင့်နေပြည်တော်သို့ ပြန်ခေါ်လေသည်။ ကျန်စစ်သား နေပြည်တော်သို့ ရောက်ပြီး အခစားဝင်နေလေသည်။ တစ်နေ့သော် စောလူးမင်းသည် သူ၏ ငယ်ကျွန် ငရမန် နှင့် အန်ကစားရာတွင် ငရမန်နိုင်လေ၏။ နိုင်၍ လက်ခမောင်းခတ်လေ၏။

Share:

မင်းမြတ်အနော်ရထာ အပိုင်း(၁၁) နတ်ရွာစံတော်မူခြင်း

ငကျန်စစ်ကို အရှာခိုင်းသော ရဲမက်များလည်း နှစ်လကြာသော်လည်း ပေါ်လာခြင်း မရှိ၊ အမတ်များသည် ကား ငကျန်စစ်ကို အကောင်းမြင်နေကြသေး၏။ ဘာတဲ့ သူတို့အချစ်ကို ကျူပ်က နားမလည်ပေးတတ်ဘူး ဆိုသေး ကျုပ်နောက်ကွယ်မှာ ပြောနေကြ။ ကျူပ်အလုံးစုံသိသော်လည်း မသိသလိုသာ နေရင်ကောင်း ဘိ၏။ သထုံပြည့်ရှင်ကိုလည်း သူတည်ချင်သော ဘုရားကို ကျူပ်ပေးတည်ခဲ့ပြီးလေပြီ။ ကျူပ်ကိုယ်တော်တိုင် သာဓု ခေါ်ခဲ့လေသည်။ ဆည်၊မြောင်းကန်ချောင်းအများကိုလည်း ကျူပ်ပြုစုတော်မူခဲ့ပြီးလေပြီ။ သြော် ကိုယ်ပိုင်နက် တစ်ခုလုံး ကုသိုလ်တွေ လုပ်ခဲ့ပေါင်းလည်း မနည်းလှပေတော့ဘူး။ ယခုတောင် ကျူပ် နေပြည်တော်မှ ထွက်ခွာ၍ တိုင်းပြည်အရေးကို ပြုစုနေသည်မှာ နှစ်ချီလေပြီ။ နေပြည်တော်ကို ပြန်မှသင့်မည်။ ဟူးရားတို့ကို အခါတော်မေးအံ့။

Share:

မင်းမြတ်အနော်ရထာ အပိုင်း(၁၀) ကျန်စစ်သားကို အမျက်တော်ရှိခြင်း

တပ်မှူးကျန်စစ်သား ဦးဆောင်သော အောင်မြင်ရ စစ်သည်များ နေပြည်တော်သို့ ပြန်လာလေပြီ။ အကျွန်ုပ် လည်း နန်းတော်မှ စောင့်နေလေသည်။ လှပကျော့ရှင်းပြီး အိနြေ္ဒဖြင့် နန်းတော်ခန်းမဆောင်သို့ မဏိစန္ဒာ ခစားဝင်လာသည်။ သူ၏ နောက်တွင် တပ်မှူးကျန်စစ်သား နှင့် ကျန်တပ်မှူးလေးတွေ အခစားဝင်လာကြ ပါသည်။ အကျွန်ုပ်လည်း မဏိစန္ဒာကို ကိုယ်တော်တိုင် သူစံမြန်းမည့် နန်းမဆောင်သို့ လိုက်ပို့မိလေသည်။ ထိုည ရဲမက်အပေါင်းတို့လည်း ပျော်ပွဲများကျင်းပနေလေသည်။ နောက်မနက်တွင် မိဖုရားခေါင်မှ ကျူပ်ကို သတင်းဆိုးတစ်ခု သယ်ဆောင်လာလေသည်။

Share: