Skip to main content

မင်းမြတ်အနော်ရထာ အပိုင်း(၆) အရည်းကြီးကို နှိမ်နှင်းတော်မူခြင်း

မင်းနော်ရထာလည်း အရှင်အရဟံ၏ ဝေယျဝစ္စကို ကောင်းမွန်စွာ သဒ္ဒါ ထက်သန်စွာ စီရင်လေ၏။ ထိုနောက် မနက်အချိန်တွင် မင်းအစည်းအဝေး ကျင်းပလေသည်။
အနော်ရထာ- “ အမတ်မင်းတို့ အခုကျူပ်တို့ ပြည်ဝယ် ကိုးကွယ်ရာအစစ်အမှန် ရောက်ရှိလာလေပြီ။ အရည်းကြီး များကို မည့်သို့ စီရင်သင့်သနည်း။”


အမတ်ချူပ်- “ မင်းကြီးဘုရား အရည်းကြီးများ၏ ၀ါဒများကို လက်မခံသူကား များလှပါသည်။ မင်းအာဏာကို ကြောက်ရွံလို့သာလျှင် မပြောဆိုဝံကြောင်းပါ။”
အနော်ရထာ- “ ဤသို့ဆိုလျှင် အရည်းကြီးများကို သုတ်သင်ရန် လွယ်ကူလိမ့်မည် ထင်သလော”
အမတ်ငယ်- “ မှန်ပါဘုရား၊ လျှောက်တင်ခွင့်ပြုပါ၊ အရည်းကြီးများသည် အင်အား ၆ သောင်းကျော်ဖြင့် တပည့်တပန်းများဖြင့် များလှပါသည်ဘုရား။ အသေအချာ ကိုင်တွယ်ပါမှ သင့်ပါမည် ဘုရား”
အမတ်ချူပ်- “ မှန်ပါဘုရား၊ ပြည်သူတို့ကို အရှင်အရဟံဆီက တရားနာယူစေလျှင် အားလုံးသော ပြည်သူသည် အရှင်အရဟံဟောသော အယူကို ယူပါလိမ့်မည်ဘုရား။ သို့သော် ထို အရည်းများကား အင်အားကို အသုံးချ၍ ပုန်ကုန်လာသော် နေပြည်တော်တွင် ခက်ချေလိမ့်မည် ဘုရား။”
အနော်ရထာ-“ အမောင်တို့ လျှောက်တင်ချက်သည် သင့်လှသည်။ ထိုအရည်းတို့ကို ဖမ်းချူပ်၍ သင့်ရာတွင် ခိုင်းစေမည်။ အမောင်စစ်ချူပ် နာခံလော စစ်သူရဲမက်များဖြင့် တိတ္ထိ၀ါဒဖြစ်သော အရည်းကြီးများ မကြံသင့် မကြံအပ် မကြံခင် ရဲမက်များဖြင့် ဖမ်းစေ။ ထိုသူတို့၏ ခေါင်ကြီးကို ထောင်သွင်းချစေ၊ အပေါင်းအပါများကို အယူပယ်စေ၊ မပယ်လျှင် ဆင်ချေးကျုံး၊မြင်းချေးကျုံး တို့တွင် ခြေကျင်းခတ်လျက် အမူတော်ကို ထမ်းစေ အမိန့်တော်”

အကျွန်ုပ် အမိန့်သည်ကား တရားလွန်သည်ဟု မထင်ခဲ့မိပေ။ ထိုသူတို့သည် ယင်းတို့၏ ဆရာဝါဒများကို အကြောင်း ပြုပြီး သူတစ်ပါး သားမယားများကို ပြစ်မှားနေသည်မှာ အကြိမ်များလှလေပြီ။ နေပြည်တော်သူသား များသည်လည်း စိတ်ဆင်းရဲလွန်းလှပြီ။ သဌေးသကြွယ်တချို့လည်း ရှင်မထီးအရည်းများ နှင့်ပေါင်း၍ အမြတ်ထုတ်နေကြသည်ကို ကျူပ်နားဖြင့် ကြားနာဖူးသည်။ ယင်းတို့၏ လုပ်ရပ်ကား ခွင့်လွှတ်စရာ အကြောင်း မရှိပေ။

ဤသို့ဖြင့် ပေါက္ကာရာမပြည်တွင် ရှင်မထီးအရည်းတို့ကို ထိန်းသိမ်းနိုင်ခဲ့ပြီး ပုဂံတစ်ပြည်လုံး အရှင်အရဟံ၏ အဆုံးအမကို ခံယူလေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။