Skip to main content

မင်းမြတ်အနော်ရထာ အပိုင်း (၉) သထုံပြည်ကို အောင်နိုင်တော်မူခြင်း

အကျွန်ုပ်လည်း အမတ်တွေကို တာဝန်ပေးလိုက်ပါပြီ။ သို့သော် စိတ်တွင် ဘ၀င်သိပ်မကျသေး။ သူတို့ သည် အရေးကို အောင်မြင်အောင်စွမ်းဆောင်နိုင်မည်လော ဟု စိတ်တွင် သံသယပေါင်းများစွာဝင်နေသေးသည်။ အဝေးက သထုံပြည်ကိုသာ ကြည့်ရူနေလေသည်။ သြော်လှပလှသည့်မြို့တော်၊ သိပ်မကြာပါဘူး စစ်တပ်တွေ ချီတက်နေသည်ကို ကျူပ်တွေ့ရသည်။


သည်အခါမှာတော့ ရဲမက်တွေဟာ မြို့ရိုးပေါ်ထိရောက်အောင် တက်နိုင် လေပြီ။ ဟော ကြည့်နေရင်း မြို့တံခါးကြီးပွင့်လေပြီ ကျူပ်လည်း မြင်းပေါ်သို့အဆင်သင့် တက်ထား လေသည်။ ထိုအခါ ရဲမက်တစ်ယောက်မှ ကျူပ်ဆီမြင်းဖြင့် လာနေသည် သူက မြေပေါ်ဒူးထောက်လျက် “ မင်းကြီးဘုရား သထုံပြည့်ရှင်၏ နန်းတော်အထိ ရဲမက်တွေ ချီနေပါပြီဘုရား၊ အရေးတော် အောင်တော့မည်ပါဘုရား၊ သထုံပြည့်ရှင်ကို ဖမ်းမိကာမှ မင်းကြီး မြို့တွင်းသို့ ကြွရန် စစ်သူကြီးများက  အလျှောက်ခိုင်းလို့ပါဘုရား” အကျွန်ုပ်လည်း သြော် စစ်သူကြီးများကား ကျူပ်အပေါ် သစ္စာရှိလှပေတည်း ဟုတွေးမိနေသည်။ သိပ်မကြာလိုက်ပါ စစ်သူကြီးတစ်ယောက် ကျူပ်ကို မြို့တော်တွင်းသို့ ကြွရန် လျှောက် ထားလေသည်။ ကျူပ်လည်း အောင်စည်၊အောင်မောင်း၊ များဖြင့် ပီတိဖြင့် မြို့တွင်းသို့ ချီတက် လေတော့ သည်။ မြို့တွင်းဘေးဘက်လည်ကို ကျူပ်သတိထားမိသည်။ မြို့ဖွဲ့စည်းထားပုံမှာ လှပသည်။ သေသပ်သည်။ သထုံပြည့်ရှင်၏ နန်းတော်သည်လည်း ခမ်းနားလှပေသည်။ ကျူပ်နန်းတော်သို့ ၀င်လာလေပြီ စစ်သည်များက အောင်စည်၊အောင်မောင်းများဖြင့် ပျော်ရွှင်နေကြသည်။ ကျူပ် မနူဟာမင်းကို သတိထားမိလေ၏။မင်းအိနြေ္ဒကို ထိန်းနိုင်၏။ စစ်ရူံးသော်လည်း ပူဆွေးသောက ရောက်ပုံမပေါ်။
ကျူပ်လည်း စစ်နိုင်သဖြင့် သထုံပြည်၏ မင်းပလ္လင်ပေါ်သို့ ထိုင်လေသည်။
အနော်ရထာ-“ အိုး သထုံပြည်မင်းမှူးအမတ်အပေါင်းတို့ ကျူပ်တို့ စစ်ချီလာရခြင်းမှာ ပိဋကတ်တော်များကို ပင့်ဆောင်ရန်ဖြစ်သတည်း၊ မလွဲရှောင်သာလို့သာ စစ်မက်ဖြစ်ရလေသည်။ အသင်တို့ ပြည်ကို ဖျက်စီး မည် မဟုတ်ပေ”  မည်သူမျှကျူပ်ကို မလျှောက်တင်ဝံကြ ထို့ကြောင့် အကျွန်ုပ်မှ
အနော်ရထာ-“ အသင်တို့ အမတ်ချူပ်ကြီးသည် မည်သူနည်း”
သထုံအမတ်ချုပ်-“ ကျွန်တော်မျိုးပါ သထုံပြည်၏ အမတ်ချူပ်ကြီးပါ ဘုရား”
အနော်ရထာ-“ အမ်း အမတ်ကြီး ကျူပ်တို့ မြတ်စွာဘုရား၏ သာသနာကို ပြန့်စေသော အကျိုးအလို့ဌာ ပိဋကတ်တော် များကို ကျူပ်နေပြည်တော်သို့ ပင့်ဆောင်မည် အသင်ကား ကျူပ်တို့ အမတ်ချူပ်နဲ့ ပူးပေါင်း ၍ ကူညီလော”
သထုံအမတ်ချူပ်-“ မှန်လှပါဘုရား... ”
သထုံအမတ်ပီသလေသည်။ ကျူပ်ကို ကြည့်မှပင် မကြည့် မတတ်သာလို့သာ ဖြေနေရသည့် ပုံစံပင်၊ ထို့ကြောင့် ကျူပ်မှ ကျူပ်အမတ်များကို သေသေချာချာ လုပ်ရန် မှာကြားပြီး အမတ်များဖြင့် ထိုကိစ္စကို လုပ်ရန် ခိုင်းလေတော့သည်။
အနော်ရထာ-“ ယခု အရေးတော်ပုံကို အောင်ရခြင်းမှာ ဗျတ္တကြိုးပမ်းမူလည်း ပါသည်မလား”
စစ်သူကြီး-“ မှန်လှပါဘုရား။ ဟုတ်မှန်ကြောင်းပါ”
အနော်ရထာ-“ အေး သူကို ရွှေ၁ပိသာ ချီးမြင့်စေ၊ အမောင်မင်းတို့လည်း တစ်ဆင့် ရာထူးတက်စေ၊ အဆောင်အယောင်တွေ ကို အဆောင်အယောင်စိုးဆီက ထုတ်ယူကြလော၊ အမိန့်တော် အပြည့်အစုံ သူဆီ မှာ ရှိတယ်၊ မောင်မင်းတို့ တစ်ယောက်ချင်းဆီကို အမိန့်တော်တွေနဲ့ ပို့လာလိမ့်မည်”
စစ်သူကြီးများ-“ မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ဘုရား”


Comments

  1. ဘယ်နှစ်ခုနှစ်မှာ အနော်ရထာမင်း သထုံကိုအောင်နိုင်ခဲ့တာလဲခင်ဗျာ.....ပြောပြလို့ရနိုင်မလား

    ReplyDelete

Post a Comment

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။