Skip to main content

မင်းမြတ်အနော်ရထာ အပိုင်း(၇) သထုံပြည်မှ ပိဋကတ်တောင်းတော်မူခြင်း

တစ်နေ့ အကျွန်ုပ် အရှင်အရဟံကို ဖူးမျှော်နေစဉ် အရှင်အရဟံမှ 
ရှင်အရဟံ- “ မင်းကြီး သာသနာတော်ထွန်းကားစေချင်လျှင် သာသနာတော် ၃ ရပ်နှင့် ပြည့်စုံမှ ထွန်းကားပွားများ မည်ဖြစ်သည်။ သာသနာ ၃ ရပ်ဆိုရာတွင် ပရိယတ္တိ ရှိမှ ပဋိပတ္တိ ရှိသည်၊ ပဋိပတ္တိ ရှိမှ ပဋိဝေဓ သာသနာ ဖြစ်သည်။ သာသနာထွန်းကားသော တိုင်းဌာန များကို လက်ဆောင်များဖြင့် တောင်းစေ၏။” 
အနော်ရထာ- “ အရှင်ဘုရား ဘယ်တိုင်းဌာနများက ပဋိကတ်တော်များ တည်ရှိနေပါသနည်း” 
ရှင်အရဟံ- “ မင်းကြီး အသင်၏ နေပြည်တော်နှင့် မဝေးလွန်းမနီးလွန်း တွင် သထုံပြည်ရှိလေသည်၊ ထိုပြည်တွင် သာသနာလွန်စွာထွန်းကားလှပေသည်၊ ပဋိကတ်တော်လည်း  ၃ ပုံလည်း ရှိလေသည်၊ ” 
အနော်ရထာ- “ တပည့်တော် ဆောင်ရွက်ပါ့မယ်ဘုရား” 

အကျွန်ုပ်လည်း သာသနာတော်ကြီး ထွန်းကားမည့်အရေးလက်မနှေးစေဘဲ ချက်ချင်း စကားအရာတွင် လိမ္မာသော အမတ်တစ်ယောက်ကို ခေါ်၍ သွားရောက်ပင့်စေလေသည်။ နေပြည်တော်မှ အမျိုးမျိုးသော ရတနာမျိုးစုံကို ထည့်သွင်း၍ လက်ဆောင်များပေးစေလေသည်။ အကျွန်ုပ်လည်း သတင်းကောင်းကိုသာ 
စောင့်မျှော်နေလေသည်။ 

သို့သော် ရက်လအတော်အတန်ကြာသော် အမတ်ငယ် နန်းတော်သို့ ပြန်ရောက်လာလေသည်။ 
အနော်ရထာ- “ ကဲ မောင်မင်း ဘယ်မှာတုန်း ပိဋကတ်တော်တွေ” 
အမတ်- “ ကျွန်တော်မျိုး သေသင့်ပါသည် ဘုရား၊ အမူတော်ကို မထမ်းဆောင်နိုင်ခဲ့ပါဘုရား” 
အနော်ရထာ- “ အလို အကြောင်းစုံကို လျှောက်တင်စမ်း” 
အမတ်-“ ဖြစ်ပုံအမှန်က သည်လိုပါဘုရား ကျွန်တော်တို့ သထုံပြည်ကိုလည်း ရောက်ခဲ့ပါတယ်၊ သထုံပြည့်ရှင်ကိုလည်း ခစားခဲ့ပါတယ်၊ သို့သော် သထုံပြည့်ရှင်မှ ....” 
အနော်ရထာ-“ အမြန်လျှောက်တင်စမ်း သင့်ကို ကျူပ် ဘာအရေးမှ ယူမည်မဟုတ်” 
အမတ်-“ တင်ပါဘုရား... သထုံပြည့်ရှင်မှ အရိုင်းတို့၏ အရာလော ဟု ပြန်လည် မိန့်ကြားကြောင်းပါဘုရား ” 
အနော်ရထာ- “ ဘာကွ.....” 
အမတ်ချူပ်-“ မင်းကြီးဘုရား ဤစကားသည် မင်းနှင့်တကွ နေပြည်တော်တစ်ရပ်လုံးကို စော်ကားခြင်းဖြစ်ပါသည်။ လက်တြုံ့ပန်သင့်ပါသည် ဘုရား” 
အမတ်များ-“ မှန်ပါဘုရား လက်တုံ့ပြန်သင့်ပါသည် ဘုရား”

အကျွန်ုပ်အလွန်ဒေါသအမျက်များထွက်တော်မူလေသည်။ မဆိုင်းမတွပင် အကျွန်ုပ် စစ်ချူပ်ကို လက်နက်အပြည့် တပ်ဆင်ရန်နှင့် တိုင်းပြည်၏တပ်ရဲမက်အပေါင်းဖြင့် ကျူပ်ကိုယ်တော်မြတ်ကိုယ်တိုင် ပိဋကတ်တော်ကို ပင့်မည်ဟု အမိန့်ထုတ်လိုက်လေ၏။ 

အကျွန်ုပ် ညစက်တော်ခေါ်စဉ် အတွေးဝင်မိသည် တိုင်းနေပြည်တော်တွင် ရဲမက်များအလုံးအရင်းဖြင့် အောက်ပြည်သို့ ချီသော် ရဲမက်အပေါင်း ပင်ပန်းကုန်လိမ့်မည်။ အကျွန်ုပ် အမိန့်သည် အလွန်လော၊ ဟု တွေးမိနေသည်။ သထုံပြည့်ရှင်လည်း လွန်သည် မချေမငံသော စကားဖြင့် မတုံ့ပြန်သင့်ပေ။သို့သော် ပေါက္ကာရာမပြည် အတွက် သာသနာတော်ကို ပင့်မှာ ဖြစ်သဖြင့် ရဲမက်အပေါင်းတို့ ပင်ပန်းသည်မှာ တစ်ခဏ မျှသာ သာသနာထွန်းကား၍ သာသနာအဓွန့် ရှည်လျှင် သတ္တ၀ါအပေါင်း၊ ချမ်းသာမည်မှာ တစ်သက်သာဖြစ်လေသည်။ 


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။