Skip to main content

မင်းမြတ်အနော်ရထာ အပိုင်း(၅)

တစ်နေ့တွင် ကျူပ်ကိုယ်တော်မြတ် အနောက်နန်းတွင် စံမြန်းနေပြီး အကျွန်ုပ်၏ အိမ်မက်ကို ဟူးရားတို့ကို မေးမြန်းနေချိန်ဖြစ်၏။ ဟူးရားတို့က ကျူပ်အိမ်မက်ကို မည်မျှကောင်းကြောင်း လျှောက်နေကြလေရဲ့။ ထိုအခါ အစေအပါး က သတင်းထူးတစ်ခုကို ကျူပ်ဆီယူဆောင်လာလေသည်။
အစေအပါး- “ မင်းကြီးဘုရား နေပြည်တော်တွင်းနေ မုဆိုးတစ်ယောက်က မင်းကြီးဆီကို လူထူးဆန်း တစ်ဦး လာရောက်ဆက်သ ကြောင်းပါ”
အနော်ရထာ-“ လူထူးဆန်း... ဘယ်လိုလူတုန်းကွဲ့”
အစေအပါး-“ မသိကြောင်းပါဘုရား.... အမတ်ချူပ်မင်းက မင်းကြီးဆီကို တိုက်ရိုက်လျှောက်ခိုင်းလို့ပါ ဘုရား”
အနော်ရထာ-“ အမ်း ကောင်းပြီလေ ဟူးရားတို့ ကျူပ်တို့ နန်းခန်းမဆောင်သို့ သွားကြတာပေါ့”
ဟူးရား- “ မှန်လှပါ ဘုရား”


အကျွန်ုပ်လည်း အမတ်ချုပ်က လျှောက်ခိုင်းလိုက်သည်ဆိုသဖြင့် စိတ်ဝင်ထူးဆန်းနေလေ၏။ နန်းတော်အစည်းအဝေး အချိန်အခါ မဟုတ်ဘဲ ကျူပ်ကို ပင့်လျှောက်သည်ဆိုသည်မှာ ပို၍ ပင် ထူးဆန်းနေ လေ၏။ နန်းခန်းမဆောင်သို့ ရောက်လျှင် အမတ်ချုပ်ကြီးနှင့် အမတ်တချို့တို့ ရောက်ရှိခစားနေကြ၏။

အနော်ရထာ-“ အမောင်မင်း အချိန်မတော် ကျူပ်ကို ပင့်ဆောင်တာ ဘာအတွက်တုန်း”
အမတ်ချုပ်- “ မှန်ပါဘုရား.. မုဆိုးက လူထူးဆန်းတစ်ဦးကို ခေါ်ဆောင်လာပါသောကြောင့်ပါဘုရား”
အနော်ရထာ-“ လူထူးဆန်း.. အဘယ်သို့ ထူးဆန်းသလို့လဲ”
အမတ်ချုပ်-“ မှန်ပါဘုရား... ဦးပြည်ကတုံး ဖြင့် ကျွန်တော်မျိုးတို့နှင့် မတူသော အဆင်ကို ၀တ်စားပါသည်။ မေးမြန်းသော်လည်း မည့်သည့်မျှ မဖြေ။ တည်ငြိမ်လှပါသည်။ ထို့ကြောင့် မင်းကြီးဆီကို ဆက်သခေါ်ဆောင် လာကြောင်းပါဘုရား ”
အနော်ရထာ-“ အမ်းကောင်းလှပြီ ထိုလူထူးဆန်းကို ဆင့်ခေါ်စေ”

အကျွန်ုပ်ရှေ့တွင် သာမန်လူဆိုလျှင် ဒူးထောက်လေပြီ။ သို့သော် ဤသူသည် ဒူးမထောက် ပကတိ အိနြေ္ဒဖြင့် မျက်လွှာချထား၏။ ထို့ကြောင့် ဤသူသည် သူရိုင်းမဟုတ်တန်ရာ။ မြင့်မြတ်သော အမျိုးအနွယ်က လာသူဖြစ်လိမ့်မည်။ ကျူပ်လည်း ပလ္လင်ကဆင်း၍ ထိုသူကို အနီးကပ်ရူစားလေသည်။ ကြောက်ရွံခြင်းမပြ အလွန်အေးချမ်းသော အသွင်ပေါက်၏။

အနော်ရထာ-“ အိုး လျောက်ပတ်သော နေရာတွင် နေတော်မူပါလော” ဟု ကျူပ်မိန့်လိုက်မိသည်။ ထိုအခါ နန်းမဆောင်တစ်ခုလုံး အံ့သြကြကုန်၏။ အမတ်မင်းများကလည်း စစ်သည်များက ဆွဲချရန် အမိန့်တွေ အော်ကြလေကုန်၏။ ကျူပ်မှ ငြိမ်ရန်အမိန့်ပေးရလေသည်။

အနော်ရထာ-“ အိုး ငါ့အရှင် အသင်သည် ဘယ်အမျိုးအနွယ်၊ ဘယ်ဇာတိ၊ အဘယ်အရပ်မှ ကြွလာ၍၊ ငါကိုယ်တော်ကဲ့သို့ မင်းတစ်ပါး၏ ရာဇပလ္လင်တွင် ခြင်္သေ့မင်းကဲ့သို့ ရဲရဲဝံ၀ံ တက်နေ၀ံသနည်း”
ရှင်အရဟံ-“ အသင်မင်းကြီး ကျူပ်သည် က္ကတိပိတော အစရှိသော ဂုဏ်တော် ၉  ပါး၊ ဥာဏအစိန္တေယျ အစရှိသော အစိန္တေယျ ၄ ပါး နှင့် ဘုန်းတော် ၆ ပါး ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ၏ သားတော် ပင်တည်း၊ ” 
အနော်ရထာ-“ ငါ့ရှင် မြတ်စွာဘုရား ဆိုသဖြင့် အကျွန်ုပ်သည် ကြည်နူးခြင်းဖြစ်လေသည်၊ မြတ်စွာဘုရား၏ အဆုံးအမ မည်သို့နည်း၊ အကျွန်ုပ်အား ဟောတော်မူပါ”
ရှင်အရဟံလည်း မြတ်စွာဘုရား၏ အပ္ပမာဒ အစရှိသော တရားတော်များကို ဟောတော်မူ၏။ မင်းနော်ရထာလည်း ရေငတ်သောသူ ရေတွင်းကျသကဲ့သို့ လွန်စွာ ပီတိဖြစ်လျက်...

အနော်ရထာ-“ အရှင်ဘုရား  မြတ်စွာဘုရားကိုယ်တော်သည် ယခု ဘယ်အရပ်တွင် သီတင်းသုံးနေသနည်း၊ ”
ရှင်အရဟံ-“ အိုး မင်းကြီး မြတ်စွာဘုရားကိုယ်တော်သည် ၄၅၀ါပတ်လုံး လူ၊နတ်၊ဗြဟ္မာ အပေါင်းတို့ကို တရားရေအေး တိုက်ကျွေးတော်မူလျက် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်တွင် ပရိနိဗ္ဗာန် ပြုတော်မူခဲ့လေပြီ။ မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို တစ်ဆယ်ခြောက်ပြည်ထောင်သော မင်း တို့ ခွဲဝေကြပြီး စေတီအသီးသီး တည်ကြကုန်လေပြီးပြီ။ ”

အကျွန်ုပ်မှာ ထိုအကြောင်းကြားသဖြင့် ၀မ်းနည်း၊၀မ်းသာ ဖြစ်ရလေသည် ၀မ်းနည်းရခြင်းမှာ မြတ်စွာဘုရား ကိုယ်တော်မြတ် ပရိနိဗ္ဗာန် ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ၀မ်းသာခြင်းမှာ ယခု မြတ်စွာဘုရား၏ တရားတော်များကို အကျွန်ုပ်မသေခင် ဖူးမြော်ပူဇော်ခွင့် ရသဖြင့်ပင်တည်း။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။