မင်းမြတ်အနော်ရထာ အပိုင်း (၄)

(၃) ရက်လွန်၍ နန်းတော်အစည်းအဝေးလုပ်ချိန်တွင် ခန့်မှန်းသည့်အတိုင်း ဟူးရားညိုသည် အကျွန်ုပ် ပေးအပ်သော တာဝန်ကို ထမ်းဆောင်နိုင်ခဲ့သည့် ပုံသဏ္ဍာန်ပြနေလေ၏။
အနော်ရထာ- “ ဟူးရာညို ဘယ်နှယ်တုန်း ရှာတွေ့ခဲ့၏လော”
ဟူးရားညို- “ ဦးတိုက်တင်ပါဘုရာ့၊ ဘုန်းတော်ကြောင့် ထိုသူရဲကောင်းသာမက နောက်ထပ် ၃ ယောက်သော သူရဲ တွေကို ရှာတွေ့ခဲ့ပါသည် ဘုရား ”
အနော်ရထာ - “ ဘယ်ကွယ့် ဒါဆို သူရဲက ၄ ယောက်တောင်လား”
ဟူးရားညို- “ မှန်ပါဘုရား၊ ဘုန်းတော်ကြောင့် နေပြည်တော်တွင် သူရဲ ၄ ယောက်ပေါ်ထွန်း ခဲ့ပါသည် ဘုရား။”
အမတ်များ- “ ဘုန်းတော်ကြီးတော်မူလှပါသည် မင်းကြီးဘုရား”


အကျွန်ုပ်လည်း ၀မ်းမြောက်ဝမ်းသာဖြင့် ထိုသူတို့ကို ဆင့်ခေါ်စေခဲ့လေ၏။ သို့သော် ဟူးရားက
ဟူးရားညို-“ မင်းကြီးဘုရား ထိုသူရဲကို သည်အတိုင်းဆင့်ခေါ်လျှင် ထိုသူတို့၏ အရည်အချင်းများကို မပေါ်လွင် လာပေ ဘုရား။ ထို့ကြောင့် ကျွန်တော်မျိုးမှ မင်းကြီးနှင့် တကွ အမတ်မင်းအများ ရူစားစေရန် စီစဉ် ထားကြောင်းပါဘုရား။”
အနော်ရထာ- “ အမယ် ဟူးရားကို အတိတ်နိမိတ်ပဲ ဖတ်တတ်တယ် ထင်နေတာ။ ဘယ်ဆိုးလို့လဲ၊ ကဲ မင်းအမတ်တို့ ကျူပ်တို့ သွားရူစားလိုက်ကြရအောင် ပုဂါရာမပြည်ရဲ့ သူရဲကောင်းတွေကို”
အမတ်များ- “ ဘုန်းတော်မင်းမြတ် အမိန့်အတိုင်းပါဘုရား”

ဤသို့ဖြင့် ကျူပ် ကိုယ်တော်တိုင်နှင့် မင်းအမတ်ပေါင်း တို့ဖြင့်ဟူးရာညို နောက်သို့ ရဲမက်များဖြင့် ချီတက်လာလေ၏။ နေပြည်တော် အပြင်ဘက်ရှိ ခံတပ်တစ်ခုသို့ အကျွန်ုပ်တို့ ရောက်ရှိလာလေ၏။ ကျူပ်တို့လည်း ဘာမှန်းသိသည်မဟုတ် ထိုစဉ် ကိုယ်ရံတော်တပ်မှူးမင်းမှ ကျူပ်ဘေးသို့ ရဲမက်တွေတော် တွေ ပိုမို ပို့၍ စောင့်စေသည်ကို သတိထားမိသည်။ အကျွန်ုပ်လည်း သြော်တပ်မှူးက တော်တော် စိုးရိမ် ကြီးသားဟု သုံးသပ်မိသည်။

တခဏအကြာ လှံကို ကိုင်၍ စစ်သည် တစ်ဦး ထွက်လာလေသည်။ မြင်းကိုလည်း စီး၍ စီးချင်းကပြ၏။ လှံဖြင့်လည်း ရဲမက်အပေါင်း ၁၀၀ ကို ခဏအတွင်း နိုင်အောင် ချနိုင်၏။ဆင်ဦးစီးကိုလည်း တစ်လှည့်ထိုး  လှဲအောင် ချနိုင်၏။လက်နက်အပေါင်းကိုလည်း လှပ ကျွမ်းကျင်စွာ ကိုင်နိုင် ချပြနိုင်၏။ သြော် တို့ပြည်တော်မှာ သူရဲတွေ ရှိသားပဲ ဟု ကျူပ် ၀မ်းသာမိသည်။

ထိုနောက် နွားအရှည်းဖြင့်ကသောလှည်းအပေါင်းများစွာ မည်မျှရှိသည်ကို ကျူပ်သတိမမူမိ၊ လုလင်တစ်ဦး အရှေ့က ဆွဲလျက် မြင်းစီးကွင်း တစ်ပါတ် ဆွဲပြနိုင်၏။ သြော် ကြီးမားသည့်ခွန်အားပေတည်း။

လုလင်တစ်ယောက် ထန်းတစ်ပင်စာရှိသော ၀ါးအပင်အပေါင်းများစွာ အပေါ်တွင် ချိတ်ထားသော အိုးများကို တခဏအတွင်း လျင်မြန်စွာတက်၍ ဆွဲချနိုင်ပေသည်။ သြော် မြန်လှသည့်ခွန်အားပေတည်း။ ကျုပ်နှင့် အမတ်အပေါင်း တို့ ကောင်းချီးသြဘာသာ ပေးနိုင်လေ၏။ ဤအခင်းအကျင်းကို တစ်ခါလေမျှ မတွေ့ဖူးပါလေ။

ထိုအချိန်တွင် ဟူးရားညိုမှ
ဟူးရားညို - “ မင်းကြီးဘုရား နောက်ထပ် သူ၇ဲကောင်းရှိသေးသည် ထိုသူကား မြစ်တစ်ဖက်ကမ်း မှ တစ်ဘက်ကမ်းသို့ လျင်မြန်စွာ ကူးနိုင်သည်။ အရှင်မင်း ရူစားလိုလျင် မြစ်ကမ်းနားသို့ မင်းရူသဘင် လုပ်၍ ရူစားစေပါမည် ဘုရား”
အနော်ရထာ- “ အိုး ဤသူရဲများ နှင့်တင် ကျူပ် ကျေနပ်ပါပြီ။ တော်လည်းတော်ကြသည်။ နောက်သူရဲကို ကျူပ် ရေသဘင်ပွဲတော်မှသာလျှင် အရည်အချင်းပြစေမည်။ ယခု ထို သူရဲများကို ဆင့်ခေါ်လော”
ဟူးရားညို- “ မှန်လှပါဘုရား၊ မင်းချင်းတို့ သူရဲများကို ဆင့်ခေါ်လေ”

ထိုခဏ ရဲမက်၎ယောက် ကျူပ်ရှေ့မှောက်သို့ ရောက်လာကြကုန်၏။ တိုင်းနေပြည်တော် အတွက် လွန်စွာမှ အားထားနိုင်သူများကို ကျူပ် တွေ့ရသည်မှာ လွန်စွာပီတိဖြစ်မိသည်။ ထိုသူတို့၏ မျက်လုံးများမှာလည်း ရဲရင့်၏ တောက်ပ၏။ ယောကျာ်းကောင်း သူရဲကောင်းပီသ ကြပေသည်။

ထိုသူများကား- ကျန်စစ်သား၊ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဘီး ဖြစ်ကြောင်း ကျူပ်ကို လျှောက်ကြလေ ကုန်၏။ ကျူပ်လည်း ထိုသူရဲများကို နေပြည်တော်တွင် တပ်မှူးအဆင့်ကို တာဝန် ပေးအပ်ခဲ့လေသည်။

(မှတ်ချက်- ကျန်စစ်သား ရှိကြောင်း သမိုင်းဆရာများက လက်ခံထားကြသည်။ သို့သော် ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဘီး ကိုမူ ကျောက်စာများတွင် မတွေ့ ရှိ ကြောင်း တချို့သော သမိုင်းဆရာများက လက်ခံထားကြသည်။ သို့သော် မြန်မာ့သမိုင်းသုတေသနဌာန မှ (မရှိကြောင်း၊ ရှိကြောင်း )မကြေဌာသဖြင့် ကျနော်လည်း ဦးကုလားရာဇ၀င် အတိုင်း ရသမြောက်အောင် ရေးသားလိုက်ရပါတယ်ခင်ဗျား။)


Share:

No comments:

Post a Comment