Skip to main content

မင်းမြတ်အနော်ရထာ အပိုင်း(၃)

သက္ကရာဇ်(၃၆၄){AD 1002} တွင် ကျွန်ုပ် အနော်ရထာ သည် “မဟာရာဇသီရိ အနိရုဒ္ဒဒေ၀” ဘွဲ့အမည်နာမ ခံလျက် ပုဂါရာမပြည်ကို သိမ်းပိုက်ထီးနန်းစံမြန်းလေသည်။ တစ်နေ့ နန်းတော်တွင် အစည်းအဝေး ပြုနေခိုက် ပထ၀ီမြေကြီးသည် ပြင်းစွာလူပ်လေသည်။ ကျွန်ုပ်လည်း စူးစမ်းခြင်သဖြင့် ဟူးရာအမတ်တို့ကို မေးမြန်းမိလေ၏။


အနော်ရထာ- “ ဟယ် ဘယ်အတွက်ကြောင့်များ ဤပထ၀ီမြေသည် ပြင်းစွာ တုန်လူပ်ရသနည်း ဟူးရာတို့ လျှောက်တင်လေ ”
ဟူးရာညို- “ တင်ပါဘုရာ့ ၊ ကျွန်တော်မျိုးကို တစ်ခဏ တွက်ချက်ခွင့်ပြုတော်မူပါ ဘုရား”
အနော်ရထာ- “ အမ်း ကောင်းလေပြီ ”
ခဏအကြာတွင်...
ဟူးရာညို- “ တင်ပါဘုရာ့၊ မင်းလောင်းတစ်ပါး ပေါ်ပေါက်လာသောကြောင့်ပါ ဘုရား”
အနော်ရထာ-“ မင်းလောင်း... ငါ၏ ထီးနန်းကို လုမည့်သူလော ”
ဟူးရာဖြူ- “ တင်ပါဘုရာ့၊ ကိန်းဂဏန်းများအရ လုမည့်သူမဟုတ်ပါဘုရား တစ်ဆက်လွန်မှ မင်းဖြစ်မည်ပါ ဘုရား”
အနော်ရထာ- “ အမ်း ကောင်းလေပြီလေ ယခု ဘယ်နေရာတွင် ရှိနေသနည်း တွက်နိုင်သလော”
ဟူးရာဖြူ- “ ကျွန်တော်မျိုး သေသင့်ပါသည် ဘုရား၊ အမူတော်ကို မစွမ်းနိုင်ပါဘုရား”
ဟူးရာညို- “ တင်ပါ ကျွန်တော်မျိုး စွမ်းနိုင်ပါသည် ဘုရား၊ အချိန် ၃ ရက် ပေးတော်မူပါဘုရား ”
အနော်ရထာ - “ အမ်း ဟူးရာညိုက စွမ်းနိုင်သည်ဆိုမှတော့ ကောင်းလေပြီ ရှာလော ထိုသူရဲကောင်းကို”
ဟူးရာညို- “ အမိန့်တော်မြတ်အတိုင်းပါ ဘုရား”

ဟူးရာညိုသည် အမူတိုင်းကို ကောင်းမွန်စွာ လုပ်နိုင်သည်။ အကျွန်ုပ်ထီးနန်းတက်သည်မှ စ၍ ဤဟူးရာတို့ သည်အကျွန်ုပ်ကို ကောင်းသော အကြံများပေးစွမ်းနိုင်ကြလေသည်။ ကျွန်ုပ် သူတို့၏ စကားကို ယုံကြည်ပါ သည်။ သို့သော် ထိုသူရဲကောင်းကား အမည်သူဆိုတာ အကျွန်ုပ်သိချင်နေမိသည်။ ထိုသူရဲ ရှိနေသည်ကို ပထ၀ီမြေတောင် လူပ်ခါ၍ အကျွန်ုပ်အား သတိသတင်းစကား ပြောရသည်ထိ ထိုသူရဲသည် ဘုန်းကံရှိနေ၏လော။ နေပြည်တော်တွင် လုပ်စရာအလွန်များလှ၏၊ ထိုထဲတွင် အကျွန်ုပ် ဘ၀င်မကျသည်မှာ အရည်းကြီး များပင် ဖြစ်သည်။ အကျွန်ုပ်အမြင်တွင် မည်သည့် နည်းနှင့်မှ ထို အရည်းကြီး တို့၏ အယူဝါဒကို လက်မခံနိုင်။ သို့သော် နေပြည်တော် တစ်ရပ်လုံး၊ စစ်သူရဲမက်များကပါ လက်ခံယုံကြည် နေသည်ကို အကျွန်ုပ်တစ်ဦး အစွမ်းဖြင့် မည်သို့မျှ မပြောင်းလဲနိုင်ပေ။

Comments

  1. ဒကာကြီးရေ ဦးဇင်းလာလည်သွားပါတယ်။ ပိုစ့်ကောင်းလေးများလည်း ဖတ်ရှုသွားပါတယ်။ ဒကာကြီးဆိုဒ်ကို လည်း ဦးဇင်းဆိုဒ်မှာလင့်ချိတ်လိုက်ပါ့မယ်။ ဦးဇင်းဆီ လာလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်မက ဖြန့်ဝေနိုင်ပါစေ။

    ReplyDelete
    Replies
    1. ရိုသေစွာ ရှစ်ခိုးလျက်ပါဘုရား။ အရှင်ဘုရားလည်း စိတ်ကျန်းမာကိုယ်ချမ်းသာစွာနဲ့ သာသနာပြုနိုင်ပါစေ ဘုရား။

      Delete

Post a Comment

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။