Skip to main content

မင်းမြတ်အနော်ရထာ အပိုင်း(၂)

အကျွန်ုပ် စိတ်မကောင်းစွာဖြင့် ဖခမည်းတော်ရှိရာ ကျောင်းတော်သို့ စီးတော်မြင်းဖြင့် ခပ်သုတ်သုတ် ထွက်ခဲ့လေသည်။ ခမည်းတော်ကို အခစားဝင်၍ နောင်တော် ဆိုသော “ညီသား နောင်မယ်” အကြောင်း ကို မေးမိခဲ့၏။ ခမည်းတော်မိန့်သော အဓိပ္ပာယ်ကြောင့် အကျွန်ုပ်လွန်စွာ မှ အမျက်ထွက်ခဲ့မိသည်။ အကျွန်ုပ် တွေးမိသည် “ ငါဟာ နောင်တော်နှင့် ငါ့ကြား သွေးမြေကျမူတွေ မဖြစ်စေရန် ငါပုန်ကုန်ရန် အင်အား ရှိသော် ငြားလည်း သူ့ထံ ငါ လိမ္မာစွာ ခစားခဲ့လေ၏။ သို့သော် ထို့ ကျေးဇူးတရားကို မထောက် ငါ့၏ မယ်တော်အား ပြစ်မှားလေသည်။ ဤနောင်တော်သည် မင်းနှင့် မထိုက်ပါ ချေ။ ”

မယ်တော်ကို ပြစ်မှားသည်ကား တစ်ကြောင်း တိုင်းနေပြည်တော်တွင် စီမံမူ ညံဖျင်းသည်ကား တစ်ကြောင်း အကျွန်ုပ် နောင်တော်ကို ပုန်ကုန်ရန် စိတ်ပိုင်းဖြတ်လိုက်လေမိသည်။ နောင်တော်ကို ပုန်ကုန်လျှင် နေပြည်တော် အပြင်တွင် အင်အားစုမိမှ တော်ကာကြမည်။ နောင်တော်ဘုရားကို မကြည်ညိုသော ရဲမက် လည်း များလှ၏။ ထို ရဲမက်များကို သစ္စာရေတိုက်ကာ ကျွန်ုပ် စည်းရုံးခဲ့သည်။ တောင်တော်ပုပ္ပါး သည် ရဲမက်စုရာ နေရာကောင်း အဖြစ် အကျွန်ုပ် အခစားတော်က လျှောက်တင်သဖြင့် ကျွန်ုပ်လည်း အလုံးအရင်း ဖြစ်အောင် စီစဉ်လေသည်။

နောင်တော်မင်းကား စည်းစိမ်အပြည့်ခံယူနေတုန်းတည်း။ အကျွန်ုပ် စစ်အင်အား ပြည့်ဝသဖြင့် နေပြည်တော်သို့ အလုံးအရင်းဖြင့် ချီလာခဲ့လေသည်။ နောင်တော်မင်းကား အလွန်ပင် အမျက်ထွက်နေ ပုံဟန် ပေါ်နေသည်။ သူ၏ ကိုယ်ရံတော်တပ်တောင်မျှ မသုံးတော့ချေ။ အကျွန်ုပ်ကို မြင်းစီးချင်း ထိုးရန် စိန် ခေါ်ခဲ့လေသည်။
စုက္ကတေးမင်း- “ နော်ရထာစော သင်သည် ငါ၏ ကျေးဇူးတော်ကို မထောက် ပုန်ကုန်ဝံ့သည် ခေါင်းမြေခ မည်ကို မကြောက်သလော”
နော်ရထာ- “ သေလျှင် မြေကြီး ရှင်လျှင် ရွှေထီးဆောင်းရမှာပါ နောင်တော်၊ အကျွန်ုပ်ရှိလျက် နေပြည်တော်ကြီး ပျက်စီးမှာကို မမြင်ဝံ့ပါ၊ နောင်တော်သည် ကျွန်ုပ်ထက် ကြီးသူဖြစ်သည်၊ အလျင်ထိုးပါလေ”
စုက္ကတေးမင်း-“ ဟယ် ခံတွင်းတွင်မျှ နို့ဖတ်မစင်သော အသင်က၊ ကိုင်း သေလော”
နောင်တော်ပစ်သော လှံသည် အကျွန်ုပ်ထံ ပျံလာသည်ကို အကျွန်ုပ်အရှောင်ကောင်းလေ သောကြောင့်သာ လွဲရလေသည်။ နောင်တော်ကား မိမိအင်အားကို အလွန်ယုံသည်ဖြစ်သည်နှင့် ကိုယ်ရံတော်တပ်မျှပင် ခေါ်မလာခဲ့။ အကျွန်ုပ်လည်း အခွင့်အရေးကို လက်မလွတ်ရာ လှံဖြင့် ပစ်လျှင် နောင်တော် ကိုယ်မှ ရှေ့မှနောက် သို့ ပေါက်ထွက်လေ၏။

အကျွန်ုပ် နောင်တော်ကို သတ်မိသည်မှာ မှား၏လော၊ မှန်၏လော ဆိုသည်ကို ဝေမခွဲနိုင် ဖြစ်နေသည်။
အတွေးများနေသဖြင့် ခမည်းတော်ကျောင်းရောက်သည်ကိုပင် သတိမပြုမိ အခစားတော် လျှောက်လေမှ သတိဝင် လာမိသည်။
အခစားတော်-“ မင်းကြီးဘုရား ခမည်းတော် ကျောင်းရောက်ပါပြီ ဘုရား။ မင်းကြီးဘုရား”
အနော်ရထာ-“ သြော် အမ်း ကောင်းပြီ ခမည်းတော်ကို အခစားဝင်အံ့”
အနော်ရထာ-“ ခမည်းတော်ဘုရား၊ ရွှေနန်းတော်ကို ကြွရောက်၍ မင်းလုပ် စံမြန်းတော်မူပါ”
ကြောင်းဖြူမင်း-“ သားတော် ငါကိုယ်တော် အသက်အရွယ်လည်း ကြီးလှပြီ၊ အမောင် သာ မင်းပြုပါတော့၊ မင်းကျင့်တရားတို့ဖြင့် တိုင်းပြည်ကို ကောင်းမွန်စွာ ပြုလော”
အနော်ရထာ-“ ကောင်းလှပါပြီ ဖခမည်းတော်၊ ခမည်းတော် ကောင်းမွန်စွာ စံစားရန် သားတော် နန်းတော်တွင် ကျောင်းဆောက်ပေးပါမည်”
ကြောင်းဖြူမင်း-“ နေပါစေ့ကွယ်၊ ဤနေရာတွင်ပင် အလွန်ကောင်းနေပါပြီ သားတော်”

ခမည်းတော် ရွှေနန်းတော်သို့ မလိုက်လိုသဖြင့် အစေအခိုင်း အများဖြင့် ကျောင်းတိုက်တွင် ခမည်းတော်ကိုသာ ပြုစုစေခဲ့လေသည်။



Comments

  1. လေးစားပါတယ်ဗျာ အောင်မြင်မှု့တွေရရှိနိုင်ပါစေ....

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ခင်ဗျား၊ ကျေးဇူးတင်ပါတယ်ဗျား။

      Delete
  2. ဆက်ရေးပါ..အားပေးပါတယ်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျား။

      Delete

Post a Comment

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။