မင်းမြတ်အနော်ရထာ အပိုင်း(၁)


သက္ကရာဇ် (၃၆၃) တွင် အကျွှန်ုပ် ခမည်းတော်ဘုရား၏ ထီနန်းကို ပြန်လည် ရရှိခဲ့ပေသည်။ နေပြည်တော် တစ်ရပ်လုံးက လူထုများက အကျွှန်ုပ်ကို ကောင်းချီးသြဘာများ ပေးနေကြသည်။ သို့သော် အကျွှန်ုပ်လုပ်ရပ် သည် ကောင်း၏လော ဆိုး၏လော ဆိုတာ အကျွှန်ုပ် မဆုံးဖြတ်နိုင်သေး။
“အနော်ရထာမင်းတရားကြီး သက်တော်ရာကျော်ရှည်ပါစေ ဘုန်းတော်ကြီးသက်တော်ရှည်ပါစေ” 
စသဖြင့် အကျွှန်ုပ်နားထဲပံတင်ရိုက်သကဲ့သို့  ပုဂါရာမာပြည်၏ ပြည်သူပြည်သားများ၏ ဆုတောင်းချက်ဟာ အကျွန်ုပ်ကို အလွန်ပီတိ ဖြစ်စေခဲ့လေသည်။ 



နေပြည်တော်ထဲသို့ အကျွန်ုပ်ဝင်လာလောပြီ ပြည်သူအပေါင်းတို့က ပူဇော်နေကြသည်မှာ အကျွန်ုပ်ကိုယ်တိုင်ပင် နတ်ဘုရားအလား သို့ထင်စိမ့်မိသေးသည်။ မြနန်းတော်သို့ အသွားလမ်း တစ်
လျှောက်လုံး အကျွန်ုပ် အတွေးများဖြင့် အတိတ်သို့ ရောက်ရှိနေမိ။ 

“ဟေ့ နော်ရထာ  ဓားချင်းခုတ်ရအောင်” နောင်တော် စုက္ကတေးမင်း၏ ခေါ်သံတည်း။ အသံကား နိုင်လိုစိတ် မာနတရားများဖြင့် ပြည့်နေလေသည်။ နောင်တော် အလိုကြောင့် အကျွန်ုပ်လည်း သူခေါ်ရာ နန်းတော်၏ မြောက်ဆောင်ဘက်ရှိ ဓားကျင့်ကွင်း သို့ လိုက်ပါသွားလေ၏။ 
“ ချွင်..... ချွင်....ချွင်” အကျွန်ုပ်ကို သူနိုင်အောင် ခုတ်သည် အကျွန်ုပ်လည်း ရအောင် ရှောင်ရင်း နောင်တော် ဓားကို အကျွန်ုပ် မြေခအောင် ရိုက်ချ မိလေ၏၊ 
စုက္ကတေး-“နော်ရထာ မင်းဘယ့်ဆိုးလို့လဲ”
နော်ရထာ-“ နောင်တော်က ညီတော်ကို အလျော့ပေးလို့ပါ ဘုရား”
စုက္ကတေး-“ အိုး ညီတော် က တော်ပါပေတယ်”

အပြင်ပန်း စကားများ ချိုသာသော်လည်း စိတ်ရင်းအမှန်ကို မည်သူမျှသိ နိုင်မည် မဟုတ်ချေ။ နောင်တော် မျက်နှာတော် ပြုံးနေသော်လည်း သူ၏ စိတ်ရင်းကို အကျွှန်ုပ် သတိထားမိနေရတော့မည်။ နောင်တော်ဟု ဆိုသော်လည်း ခမည်းတော်၏ သွေးရင်းမဟုတ်ပါလေ။ သို့ကြောင့် အကျွန်ုပ်ပို၍ သတိထားမိလေသည်။ 

တစ်နေ့တွင် အခစားတော်မှ မြင်းဖြင့် အိမ်တော်သို့ ဒုန်းစိုင်းထိုး ၀င်လာသဖြင့် အကျွန်ုပ်လည်း ထွက်ကြည့် မိသည်။ 
အခစားတော်-“ အရှင်ဘုရား မကောင်းတော့ပါဘုရား” 
နော်ရထာ-“ အမ်း ဆိုစမ်းပါအုံး ”
အခစားတော်-“ နောင်တော်ဘုရား ကျည်းဆိုမင်းသား နဲ့ နောင်တော်ဘုရား စုက္ကတေးမင်းသား တို့ ခမည်းတော်မင်းတရားကို အနောက်ပြင်က ကျောင်းတော်မှာ နန်းချလိုက်ပါပြီ ဘုရား” 

အကျွန်ုပ်လွန်စွာ အမျက်ထွက်မိလေသည်။ သို့သော် ပညာရှိ အမျက်အပြင်မထွက် ဆိုသကဲ့သို့ အကျွန်ုပ်လည်း အခစားတော်ဖြင့် နန်းတော်ကို မြင်းဖြင့် ချီသွားလေ၏။ နန်းတော်တွင် နောင်တော်ဘုရားတို့၏ တပ်တော်များ နေရာအနှံတွင် ချထားသည်ကို သတိပြုမိသည်။ အခစားတော်က မသွားရန် သွားလျှင် နောင်တော်တို့က ဖမ်းမည် ဟု လျှောက်သော်လည်း အကျွန်ုပ်မမူ့ပါ။ 
အကျွန်ုပ်ကို ဖမ်းလျှင် နန်းတော်တွင် ပို၍ နန်းတွင်းရေး ရူပ်ထွေး မည်ကို နောင်တော်တို့ သတိပြုမိကောင်း ပြုမိလေမည်။ 

နန်းတော်ရင်ပြင်သို့ ရောက်လျှင် နောင်တော်စုက္ကတေးက “ ဟေ့ နော်ရထာ မင်း နန်းတော်ကို ဘာအမူကြောင့် လာသနည်း” သူ၏ ဘေးမှာ ကိုယ်ရံတော်တပ်အများဖြင့် ထို့ကြောင့်အကျွန်ုပ်မှာလည်း ဥပါယ်တံမျဉ် သုံးရလေသည် “ မင်းကြီး ကျည်းဆိုကို အခစားလာကြောင်းပါ ” ဟု 
လျှောက်သော် နောင်တော်စုက္ကတေးက “ ဟားဟားဟား... နော်ရထာ ဘယ်ဆိုးလို့လဲ အမ်း သွားနိုင်ပြီ” ဤသိုဖြင့် နောင်တော်ကျည်းဆိုမင်း အနိစ္စရောက်တော်မူအထိ အမူတော်ကို အကျွန်ုပ်ထမ်းခဲ့လေသည်။ အခွင့်အရေးကို လည်း အကျွန်ုပ်စောင့်ကြည့်နေမိသည်။ 

သက္ကရာဇ် (၃၃၉ ) နောင်တော်စုက္ကတေး မင်းဖြစ်လေသည်။ အကျွန်ုပ်လည်း နောင်တော်ထံ အမူတော်ကို ထံမံ ခစားမြဲ။ တနေ့သော် နန်းတွင်း အစည်းအဝေးပွဲတွင် နောင်တော်မင်းမှ အကျွန်ုပ်အား “ညီသား နောင်မယ် ” ဟု ခေါ်လေ၏။ အဘယ်ကြောင့် ဘာကြောင့် ခေါ်သည်ကို အကျွန်ုပ်လည်း မသိရာ။ အစည်းအဝေးပွဲ ပြီးလေသော် နန်းတော်မှ ဖခမည်းတော်တို့ရှိရာ ကျောင်းတိုက်ကို ထွက်လာခဲ့မိသည်။ လမ်းခရီးတွင် နောင်တော်မင်း၏ ရဲမက်များ နေပြည်တော်တွင် ထင်တိုင်းကြဲနေသည်ကို လည်း စိတ်မကောင်းစွာဖြင့် ကြည့်မိ၏။ 
ရဲမက်-“ ဟေ့ အမောင်မင်း အခွန်တော်ကို မဆက်သသေးဘူး ဆက်သလော”
ပြည်သူ-“ အရှင် အကျွန်ုပ်တို့မှာ စားစရာလည်း မရှိ သောက်စရာဆိုလို့ မြစ်ရေသာ အားကိုးရပါတယ် အခွန်ဆက်စရာ အသပြာ မရှိပြီ သနားတော်မူပါ” 
ရဲမက်-“ ဤအခွန်တော် မဆက်၍ မင်းဘဏ္ဌာတော် မပြည့်လျှင် အခွန်စိုးက ကျုပ်တို့ကို သတ်လိမ့်မည် အခွန် မဆက်နိုင်လျှင် လူဆက်စေ” 
ဟု ဆိုကာ ထိုအသူကြီး၏ သမီးကို ဆွဲကာဆောင်ကာ ယူသွားလေသည်။ အကျွန်ုပ် ၀င်ကူချင်သော်လည်း နောင်တော်စိတ်ကွက်မည် စိုးသောကြောင့် စိတ်ပျက်စွာဖြင့် ခမည်းတော်ဆီသာ ဆက်လက် ခရီးဆက်မိလေ၏။ နောင်တော် စိတ်ကွက်လျှင် အကျွန်ုပ်အသက်သာမက ခမည်းတော်နှင့် ဆွေတော်မျိုးတော် အကုန်လုံး၏ အသက်ချမ်းသာမည် မဟုတ်ဆိုတာ အကျွန်ုပ်သိသောကြောင့် သူ၏ မတရား အမိန့်များကို မနာခံချင်လည်း နာခံနေရမည်သာ။ 
Share:

6 comments:

  1. သမိုင်းဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာတစ်ခုပါ.. သမိုင်းကို သီးသန့် တင်ပြထားတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကိုယ့်နိုင်ငံရဲ့သမိုင်းကို နိုင်ငံသားတိုင်း သိသင့်တယ်လေ..

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်ဗျာ့၊ ကြိုးစားပြီး ဆက်လက်ရေးသားသွားပါ့မယ်။

      Delete
  2. တကယ်ပဲကောင်းပါတယ် ကျွန်တောက ကနောင်မင်းသားတစ်ချိန်တုမ်းကအပိုင်စားတဲ့ ကနောင် ဆိုတဲ့မြို့လေးမှာနေပါတယ် သမိုင်းကိုအရင်ကတည်းကစိတ်ဝင်စားပါတယ် ကျောင်းမှာလည်းသမိုင်းသင်ရင်ပိုပြီးလေးလေးစားစားမှတ်ယူလေ့ရှိပါတယ် အခုလိုသမိုင်းကိုသီးသန့်တင်တဲ့ဆိုဒ်ကိုလာရောက်လေ့လာရတဲ့အတွက် အရမ်းဝမ်းသာပါတယ် နောက်လဲလာရောက်လေ့လာပါမယ်ခင်ဗျာ။

    ReplyDelete
    Replies
    1. ၀ါသနာ တူတူ ချင်းဆုံရတာမို့ ၀မ်းသာပါတယ်။ ကြိုးစားပြီး ဆက်လက်ရေးသားသွားပါ့မယ်။

      Delete
  3. ကျနော့ ဆိုဒ်မှာ လာတင်သွားတာ တွေ့တယ်။ သမိုင်းကြောင်းကို ၀ါသနာပါတဲ့ ကျနော်နဲ့ ဇယားကျသွားတယ် ပြောရမလားပဲ။ ကောင်းပါတယ် ဆုံးခန်းတိုင်အောင် လုပ်နိုင်ပါစေဗျာ။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ။ ကြိုးစားပြီး ရေးသားပါ့မယ်။

      Delete