Skip to main content

Posts

ကံမကောင်းရှာသော စကြာမင်းသားလေး

အေဒီ ၁၈၃၇ ၊ ၄ လပိုင်း၊ ၃၀ ရက်နေ့ တွင် သာယာဝတီမင်း မှ ကုန်းဘောင်ထီးနန်း ကို သိမ်းပိုက်ကာ ဘုရင် အဖြစ် ဘိသိတ်ခံတော်မူလေသည်။ ခေတ်ပြိုင် မင်းများမှာ
 ဗြိတိန်တွင် ၀ိတိုရိယ ဘုရင်မ- Queen Victoria ,1837 June 20 - 1901 Jan 22 ( အိန္ဒိယ နိုင်ငံ နှင့် မြန်မာ နိုင်ငံ ၏ ဘုရင်မ ဖြစ်ခဲ့သူ ) ,
တရုတ်ပြည်တွင် Daoguang Emperor - 1820 Oct 3 - 1850 Feb 25 ( ၈ ယောက်မြောက် မန်ချူး ဧကရာဇ် - ဗြိတိန် နှင့် ဘိန်းစစ်ပွဲ ( First Opium War) ဖြစ်ပွားခဲ့ပြီး မန်ချူးတရုတ်ရူံးနိမ့်ကာ ဟောင်ကောင် ကို ဗြိတိန်သို့ ပေးအပ်လိုက်ရ )

Recent posts

သာယာဝတီမင်းသား မှ အင်းဝထီးနန်းကို သိမ်းပိုက်နိုင်ခြင်း

အေဒီ ၁၈၃၇၊ ၃ လပိုင်း၊ ၆ ရက်တွင် သာယာဝတီမင်းသား၏ စစ်ဗိုလ်မှူး ဖြစ်သူ မဟာမင်းလှမင်းခေါင်ကျော် မှ စိုင်နံရွာ ခံတပ်ကြီး ကို စစ်သုံးမျက်နှာ ဖိပြီး တိုက်ခိုက်လေသည်။ တိုက်ပွဲ မှာ ပြင်းထန်ပြီး နောက်ဆုံး စိုင်နံရွာခံတပ်ရှိ ဘကြီးတော်တပ် မခံနိုင်တော့ဘဲ ပရမ်းပတာ ဖြစ်ကုန်လေ၏။ ထိုစဉ် စစ်ကူရန် ချီတက်လာသော ပင်းတလဲမင်းသား တပ်မှ အင်းဝဘုရင့် ၀တ်စုံ ရဲမက်များစွာ ပရမ်းပတာ ပြေးနေသည်ကို မြင်သဖြင့် အားလုံး ကို ပြန်လည် စုရုံးပြီး ရွှေဘိုရှိ သာယာဝတီမင်းသားကို တိုက်ရန် ချီတက်လေသည်။


ညီနောင် နှစ်ပါး ၏ စစ်ပွဲ

သာယာဝတီမင်းသား သည် စလင်းစား မင်းသားမောင်အို တို့ အုပ်စု၏ အကြံအစည်ကို ရိပ်မိသဖြင့် နေပြည်တော်မှ ထွက်တော်မူရာ ဘုရင်ကို ပုန်ကန်သူ အဆင့်သို့ ရောက်ရှိသွားလေသည်။ မင်းသားမောင်အိုလည်း ထို အခွင့်အရေးကို လက်လွတ်မခံဘဲ ဘုရင့်တပ် အင်အား ၂ ထောင်ကျော်ဖြင့် သာယာဝတီမင်းသားကို ဖမ်းရန် စေခိုင်းလေသည်။

သာယာဝတီမင်းသား အင်းဝနေပြည်တော်မှ အောင်မြင်စွာ ထွက်တော်မူနိုင်သော် နန်းတွင်းရှိ မင်းသား၏ ၀န်စာရေးကြီး နှင့် မင်းသားကို သစ္စာရှိသော အမတ်များကိုဖမ်းဆီးကာ ထောင်ထဲတွင် သတ်ပစ်လိုက်ကြလေ၏။ ထိုပြင် နှမတော် ပုဂံမင်းသမီး အိမ်တော်ကိုလည်း ၀င်စီးကာ မင်းသမီး နှင့်တကွ အိမ်သားများ၊ ကျွန် များကို ဖမ်းဆီး ထောင်ချလေ၏။

သာယာဝတီမင်းသား ပုန်ကန်ရခြင်းအကြောင်း

ဘကြီးတော်ဘုရားသည် ၁၈၂၉၊ ၅ လ၊ ၃ ရက်နေ့ မနက် ညီလာခံတွင် ခေတ်အဆက်ဆက်က ဘုရင်များ၏ ရာဇ၀င်တော်ကြီးကို ရေးသားလိုစိတ်ရှိကြောင်း ထုတ်ဖော်လေ၏။ ထိုချိန်က စဉ့်ကိုင်သဌေးသား မောင်ကုလား ရေးသားသော ရာဇ၀င်ကြီး ရှိနေပြီးဖြစ်သည်။ သို့သော် ဘုရင်မှ ပြုစုလိုသဖြင့် အမတ်များနှင့် တိုင်ပင်ရာ မှန်နန်းရာဇ၀င်တော်ကြီး ဆိုပြီး ထွက်ပေါ်လာလေသည်။

ဘကြီးတော်သည် ဘုရားတည်ခြင်း၊ တိုင်းခန်းလှည့်ခန်း များကိုသာ ပြုမူနေပြီး တိုင်းရေးပြည်မူများကို စလင်းစား မင်းသားမောင်အို နှင့် အပေါင်းအပါတို့မှ ဆောက်ရွက်လေသည်။ ဘကြီးတော်သည် အသက်အရွယ်ကြီးရင့်လာပြီး မကျန်းမမာဖြစ်လာလေ၏။ ကိန်းခန်းအရ ရွှေနန်းတော်၏ ဥယျာဉ်တော်တွင် ယာယီတဲနန်းကို ဆောက်လုပ်ကာ ထိုနေရာတွင် စံမြန်းလေ၏။

သမိန်ပရူခံ ငစပ်၏ ပုန်ကန်မူ

ပထမ-အင်္ဂလိပ် ကျူးကျော်စစ် အပြီးတွင် ဘကြီးတော်ကို လူထုထောက်ခံမူ ကျဆင်းလာလေသည်။ ဘကြီးတော် သည်လည်း တိုင်းပြည်အရေးကိစ္စအ၀၀ လျစ်လျူ ရာမှ မင်းသားကြီး မောင်အို နှင့် မိမိ၏ မိဖုရားခေါင်မယ်နု တို့ထံ အလုံးစုံသော အာဏာ အလိုလို ရောက်လာသလို ဖြစ်သွားလေ၏။ မောင်အို တို့ အုပ်စု သည် ကျန်ရှိနေသေးသော မြို့ ရွာများက စည်ပင်အောင် တနည်းအားဖြင့် လူထု ထောက်ခံမူ ပြန်ရအောင် ကြိုး ပမ်းကြလေ၏။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး သံမှူး John Crawfurd ၏ ဘကြီးတော်ဘုရား ညီလာခံ မှတ်တမ်း

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်းဝနေပြည်တော်သို့ လာရောက်သော သံမှူး John Crawfurd ၏ မှတ်တမ်း ကို လေ့လာနိုင်စေရန် တင်ပြလိုက်ရပါသည်။

ကျွန်တော်တို့ သံအဖွဲ့ကို ရှေ့တော်သို့မ၀င်မီ လွှတ်တော်၏ အရှေ့တွင်ရှိသော အဆောင်တခုတွင် နားနေကြရန် နေရာထိုင်ခင်း ပေးပါသည်။ လွှတ်တော်မှာ ကျွန်းသားနှင့် ဆောက်လုပ်ထားသော ဇရပ်ကြီး ဖြစ်သည်။ ရွှေချခြင်း၊ ပန်းပုလက်ရာတို့နှင့် မွမ်းမ့ခြင်း မရှိပါ။ ထရံများလည်း မရှိပါ။ ဘန်ကောက်မြို့ တော်တွင် ယိုးဒယားဘုရင် ၏ ရှေ့တော်သို့ ၀င်ခဲ့စဉ်က ကျွန်တော်တို့ ခေတ္တရပ်နားခဲ့သော ဗိမာန်မှာ ယခုရုံးတော်ထက် အပုံကြီး သာပါသည်။